တရုတ်တွင် ဥရောပရင်းနှီးမြှုပ်နှံမှုများ လျော့နည်းလာ 

တရုတ်တွင် ဥရောပရင်းနှီးမြှုပ်နှံမှုများ လျော့နည်းလာ 

တရုတ်အိမ်ခြံမြေဈေးကွက်ကျဆင်းနေခြင်း၊တင်းကျပ်သော "ကိုဗစ်လုံးဝကင်းစင်ရေး" မူဝါဒများ ကြောင့်စားသုံးသူ သုံးစွဲနိုင်စွမ်းအားကျဆင်းနေသည့်ပြင် ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် အမေရိကန်ရင်းနှီးမြှုပ်နှံမှုများလည်းကျဆင်းနေသဖြင့် တရုတ်တွင်ဥရောပကုမ္ပဏီများ၏ရင်းနှီးမြှုပ်နှံမှုများ လျော့နည်းလာ သည်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကိုနိုင်ငံခြားကုမ္ပဏီကြီးအနည်းငယ်ကသာပြုလုပ်နေခြင်းကြောင့်တရုတ်စီးပွားရေးကျရိပ်သန်းနေကြောင်းThe Straits Times ကဖော်ပြခဲ့သည်။

တရုတ်တွင်ထုတ်ပြန်သည့်ကိန်းဂဏန်းများအရနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှုများသည်တဖြည်းဖြည်းမြင့်တက်လာကြောင်းဖော်ပြနေသော်လည်းတရုတ်ကနိုင်ငံခြားရင်းနှီးမြုပ်နှံမှုများသတ်မှတ်ထားမှုအများစုသည်ဟောင်ကောင်မှရရှိလာခြင်းဖြစ်ပြီး၊ယင်းတို့သည်အခွန်လျှော့ချသည့်အစီအမံများကြောင့်ဟောင်ကောင်ကိုဖြတ်ပြီးမှလာခြင်းဖြစ်သဖြင့်တရုတ်မှငွေများအဖြစ်ယူဆနိုင်သည်။

နယူးယောက်သုတေသနကုမ္ပဏီ Rhodium မှခွဲခြမ်းစိတ်ဖြာချက်အသစ်အရ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့မှစက်ရုံသစ်များနှင့် အခြားလုပ်ငန်းပိုင်းများတွင် စီမံကိန်းအသစ်များတွင် ရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခဲ့ကြောင်းThe Straits Times ကဖော်ပြခဲ့သည်။

 အဆိုပါရင်းနှီးမြှုပ်နှံမှုများသည်၂၀၂၁ခုနှစ်ပထမနှစ်ဝက်အမေရိကန်ဒေါ်လာ၄ဒသမ၈ဘီလီယံနှင့်နှိုင်းယှဉ်ပါက ယခုနှစ်ပထမနှစ်ဝက်တွင်အမေရိကန်ဒေါ်လာ၂ဘီလီယံအောက်ကျဆင်းသွားကြောင်း Rhodium ကဆိုသည်။

တရုတ်တွင်ပြုလုပ်ဆဲဥရောပရင်းနှီးမြှုပ်နှံမှုအနည်းငယ်တွင် Volkswagen ကဲ့သို့ဂျာမန်ထုတ်လုပ်သူ လက်တစ်စုပ်စာကိုအများစုအဖြစ် တွက်ချက် ဖော်ပြထားသည်။

ယင်းတို့သည် မူရင်းနိုင်ငံသို့ငွေပြန်ပို့မည့်အစား ယင်းတို့၏ တရုတ်လက်အောက်ခံကုမ္ပဏီများမှရရှိသော အကျိုး အမြတ်များကိုတရုတ်တွင်သိမ်းဆည်းကာရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြခြင်းဖြစ်သည်။

ကုန်သည်ကြီးများအသင်း၏ဥက္ကဋ္ဌဖြစ်သူဂျော့ဝက်ကီကကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ဥရောပကုမ္ပဏီအသစ် များတရုတ်ဈေးကွက်သို့ဝင်ရောက်ခြင်းမရှိကြောင်းနှင့်ဥရောပကုမ္ပဏီကြီးများမှအပအခြားသူများကစိတ်မဝင်စားတော့ကြောင်းThe Straits Times ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required