တရုတ်၏ပိတ်ဆို့မှုအား စစ်ပွဲတစ်ခုအဖြစ်မှတ်ယူမည်ဟု ထိုင်ဝမ် အရာရှိတစ်ဦးပြောကြား

တရုတ်၏ပိတ်ဆို့မှုအား စစ်ပွဲတစ်ခုအဖြစ်မှတ်ယူမည်ဟု ထိုင်ဝမ် အရာရှိတစ်ဦးပြောကြား

တရုတ်က ထိုင်ဝမ်ကို ပိတ်ဆို့ခြင်းသို့မဟုတ် ကမ်းလွန်ကျွန်းတစ်ကျွန်းကို သိမ်းယူခြင်းအား စစ်ပွဲတစ်ခုအဖြစ် မှတ်ယူမည်ဖြစ်ပြီးထိုင်ဝမ်သည်အညံ့ခံမည်မဟုတ်ကြောင်း အကြီးတန်းထိုင်ဝမ်လုံခြုံရေးအရာရှိတစ်ဦးက ထူးခြားစွာ ပြင်းထန်နေသည့် အသုံးအနှုန်းဖြင် ့ရိုက်တာသတင်းဌာနသို့ ပြောကြားလိုက်သည်။

ထိုင်ဝမ်သမ္မတချိုက်အင်းဝမ်နှင့်သူမ၏အစိုးရအဖွဲ့မှအခြားသူများကငြိမ်းချမ်းရေးကိုလိုလားသော်လည်းတိုက်ခိုက်ခံရပါကခုခံကာကွယ်မည်ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားခဲ့သည်။ 

တရုတ်စစ်ရေးဆောင်ရွက်မှုသည်ထိုင်ဝမ်အားလုံးလုံးလျားလျားထိတ်တိုက်ရင်ဆိုင်ချေမှုန်းခြင်းကဲ့သို့ရိုးရှင်းသည့်လုပ်ရပ်မဟုတ်ဘဲ၊တရုတ်အုပ်ချုပ်မှုကိုလက်ခံရန်ထိုင်ဝမ်အားအတင်းအကျပ်ပိတ်ဆို့ခြင်းကဲ့သို့သော လုပ်ရပ်များပါဝင်နိုင်သည်ဟု မဟာဗျူဟာပညာရှင်များကဆိုကြသည်။

ထိုင်ဝမ်ကိုယင်း၏ပိုင်နက်နယ်မြေအဖြစ်ရှုမြင်သည့်တရုတ်နှင့်ထိုင်ဝမ်ကြားတင်းမာမှုများသည်ဩဂုတ်လအစော ပိုင်းက အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီ ထိုင်ဝမ်သို့ လာရောက်လည်ပတ်ခဲ့ပြီးနောက်ပိုင်း တင်းမာမှု များမြင့်တက်လာခဲ့သည်။

ယင်း၏ဒေါသကိုဖော်ပြရန်တရုတ်ကထိုင်ဝမ်အနီးတစ်ဝိုက်တွင်ဒုံးကျည်များပစ်ခတ်ခြင်းနှင့်ပိတ်ဆို့ခြင်းအဆင့်များပါဝင်သည့်စစ်ရေးလေ့ကျင့်မှုများအရှိန်မြင့်ပြုလုပ်ခဲ့သည်။ထိုအချိန်မှစ၍တရုတ်ကစစ်ရေးလှုပ်ရှားမှုများကို သေး ငယ်သော်လည်း ဆက်လက်လုပ်ဆောင်နေခဲ့သည်။

ပေလိုစီ၏ခရီးစဉ်အပြီးတွင်တရုတ်၏စစ်ရေးလေ့ကျင့်မှုသည်အဆိုးတကာ့အဆိုးဆုံးဖြစ်နိုင်ကြောင်းဖော်ပြခဲ့ပြီးထိုင်ဝမ်ကမည်သို့တုံ့ပြန်မည်ကိုအာရုံစိုက်နေကြောင်းအမည်မဖော်လိုသည့်ထိုင်ဝမ်လုံခြုံရေးအကြီးတန်းအရာရှိကပြောကြားခဲ့သည်။

“သူတို့ရဲ့တစ်ခုတည်းသောရည်ရွယ်ချက်ကတော့ကမ်းလွန်ကျွန်းတွေကိုသိမ်းယူပြီးညှိနှိုင်းဖို့ဒါမှမဟုတ်လက်နက်ချဖို့တွန်းအားပေးဖို့ပဲဖြစ်ပါတယ်”
 
ပြတ်ပြတ်သားသားကျူးကျော်ဝင်ရောက်ခြင်းမရှိဘဲ တရုတ်ကတရုတ်ကမ်းလွန်ပင်လယ်ပြင်ရှိ ကင်မန်းနှင့်မတ်စုကျွန်းစုများကဲ့သို့ ထိုင်ဝမ်၏ ကမ်းလွန်ကျွန်းများထဲမှတစ်ခုခုကိုသိမ်းပိုက်နိုင်ကြောင်း မဟာဗျူဟာစစ်ရေးပညာရှင်များနှင့် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly