ပေါက်ကြားလာသည့် အစီရင်ခံစာအရ အမာခံသတင်းပေးများအဖြစ် ကုန်ကားမောင်းသမားများနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများကို အသုံးပြုနေဟုဆို

ပေါက်ကြားလာသည့် အစီရင်ခံစာအရ အမာခံသတင်းပေးများအဖြစ် ကုန်ကားမောင်းသမားများနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများကို အသုံးပြုနေဟုဆို

စက်တင်ဘာလ ၃၀ ရက်

ချင်းပြည်နယ်၊ ဝန်ကြီးချုပ်အသစ်၏လက်မှတ်ဖြင့် နေပြည်တော်သို့ပေးပို့ထားသည့် ချင်းပြည်နယ် နယ်မြေစိုးမိုးရေးဆောင်ရွက်ပေးနိုင်မှုအခြေအနေ တင်ပြအစီရင်ခံစာတစ်စောင်တွင် အမာခံသတင်းပေးများအဖြစ် ကုန်ကားမောင်းသမားများနှင့် အငြိမ်းစားယူထားသည့် ဝန်ထမ်းဟောင်းများကို အသုံးပြုနေသည်ဟု ရေးသားထားသည်။

စာမျက်နှာ ၆၅ မျက်နှာပါဝင်သည့်အဆိုပါ အစီရင်ခံစာတွင် ''မြို့နယ်အလိုက် ဒေသခံပြည်သူများအား အမာခံသတင်းပေးများအဖြစ် မွေးမြူခြင်း၊ အငြိမ်းစားယူသွားသည့် ဝန်ထမ်းများ၊ စစ်ဘက်/နယ်ဘက်ဝန်ထမ်းဟောင်းများထံမှ သတင်းရယူခြင်းများ ဆောင်ရွက်လျက်ရှိပြီး၊ ပြည်နယ်အတွင်း ကုန်ပစ္စည်းများပို့ဆောင်လျက်ရှိသည့် ယာဉ်မောင်းများထံမှမြို့နယ်ချင်းဆက်လမ်းများ၊ ခရိုင်ချင်းဆက်လမ်းများတွင် လှုပ်ရှားနေကြသည့်အကြမ်းဖက်အဖွဲ့များ၏ လုပ်ရှားမှုသတင်းများကို ရယူဆောင်ရွက်လျှက်ရှိသည်''ဟု ရေးသားထားရှိသည်။

အဆိုပါအစီရင်ခံစာတွင် ချင်းပြည်နယ်အတွင်းရှိ ဒေသခံကာကွယ်ရေးတပ်(CDF)များ၏ နယ်မြေစိုးမိုးမှု၊ စခန်းတည်နေရာ၊ လူအင်အား စသည့်အသေးစိတ်အချက်အလက်များ ပါဝင်ပြီး၊ စစ်ကောင်စီတပ်မှ လုံခြုံရေးယူထားသည့် အခြေနေများလည်း ပါဝင်ကြောင်းတွေ့ရှိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly