မုံရွာစီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ခြောက်ဦး သေဆုံး

မုံရွာစီးပွားရေးဘဏ်ရှေ့ရှိ စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး ခြောက်ဦး သေဆုံး

စက်တင်ဘာလ ၃၀ ရက်

မုံရွာစီးပွားရေးဘဏ်ရှေ့ စခန်းချနေထိုင်နေသော စစ်ကောင်စီတပ်သားများကို၊ ယနေ့ စက်တင်ဘာ ၃၀ ရက် ညနေပိုင်းတွင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ ခြောက်ဦးသေဆုံးကြောင်း သတင်းရရှိသည်။

“ညနေ ၆ နာရီကျော်လောက်က ဘဏ်ရှေ့ဂိတ်ထိုးထားတဲ့စစ်သားတွေကို pdf တွေက၀င်တိုက်တာပါ၊ သေတာများတယ်၊ ဆေးရုံကား လေးငါးစီးနဲ့ကိုသယ်ထုတ်တာတွေ့တယ်” ဟု မြို့ခံတစ်ဦးက ပြောသည်။

၎င်းတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း(၂)တပ်ရင်း(၃)၊ တပ်ရင်း(၄)တို့မှ အထူးကွန်မန်ဒိုတပ်ဖွဲ့(Monywa The Boys)နှင့် အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့(Chindwin Attack Force IO) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်သည်။

“မုံရွာစီးပွားရေးဘဏ်တွင် ခြင်းခတ်နေသော စကစလေးယောက်၊ သဲအိတ်အကာဖြင့်ကင်းစောင့်နေသော စကစတစ်ကောင်၊ မော်တော်ပီကယ်ဂိတ်တဲရှေ့က လက်နက်ကိုင်ထားသည့် စကစတစ်ကောင် စုစုပေါင်းခြောက်ကောင်အား ပြောက်ကျားစစ်ဖြင့် စစ်ဆင်ရေးတစ်ရပ်ပြုလုပ်ခဲ့သည်။

ထိုစစ်ဆင်ရေးတွင် စကစခြောက်ကောင် အတိအကျသေဆုံးသွားကြောင်း သတင်းကောင်းပေးလိုက်သည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး၊ မဇ္စျိမအနေနှင့် တော့သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly