မြန်မာဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများတောင်းဆိုနေကြောင်း သတင်းမှား

မြန်မာဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများတောင်းဆိုနေကြောင်း သတင်းမှား

စက်တင်ဘာလ ၃၀ ရက်

ထိုင်းနိုင်ငံတွင် လမ်းဘေးဗုံးပေါက်ကွဲသဖြင့် ရဲအရာရှိတစ်ဦးသေဆုံးကာ KNU နှင့် ဆက်နွယ်နေသည့် ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများတောင်းဆိုပြီး အဆိုပါစခန်းများအား ထိုင်းစစ်တပ်က အဆိုပါစခန်းများအား ဝင်ရောက်စစ်ဆေးမှုစတင်နေပြီဖြစ်ကြောင်း သတင်းဖြန့်ဝေမှုများ ရှိနေသည်။

အဆိုပါသတင်းမှာ ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တစ်ခုမှဓာတ်ပုံကို အသုံးပြုကာ KNUနှင့် PDF များက ဗုံးခွဲမှုပြုလုပ်ခြင်းကြောင့် ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူ များတောင်းဆိုနေကြသည်ဟု သတင်းမှားဖြန့်ဝေခြင်းဖြစ်သည်။

လူပေါင်း ၂၅,၀၀၀ ကျော်မှ သတင်းဖတ်ရန်စာရင်းသွင်းထားသည့် “Linn Nay” အမည်ရှိ တယ်လီဂရမ် ချန်နယ်မှ “ ထိုင်းမှာ လမ်းဘေးဗုံးပေါက်ကွဲလို့ ရဲအရာရှိတစ်ဦးသေဆုံးပြီး KNU နှင့်ဆက်နွယ်သည့် ဒုက္ခ သည်စခန်းများအားမထားရန် ထိုင်းပြည်သူများတောင်းဆိုမှုကြောင့် ထိုင်းစစ်တပ်မှ ဒုက္ခသည်စခန်းများ အား ဝင်ရောက်စစ်ဆေးမှုပြုလုပ်ကြောင်း” အကြမ်းဖက်တိုက်ခိုက်မှုကို စစ်ဆေးနေသည့် ထိုင်းရဲများ၏ ဓာတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။

ယခုလင့်တွင် https://bit.ly/3RkTqlf တွင်ဝင်ရောက်ကြည့်ရှုနိုင်သည်။

သတင်းတွင် ပါဝင်သည့်ဓာတ်ပုံကို အချက်အလက်စစ်ဆေးသူများမှ စစ်ဆေးရာ ၂၀၁၉ ခုနစ် နိုဝင်ဘာလ ၆ ရက်က အယ်လ်ဂျားဇီးယားသတင်းဌာနမှတင်ထားသည့် သတင်းဓာတ်ပုံဖြစ်သည်ကိုတွေ့ရှိရသည်။

အယ်လ်ဂျားဇီးယားသတင်းတွင် ရေးသားဖော်ပြထားသည်မှာ “ ထိုင်းတောင်ပိုင်း ထိုင်း-မလေးနယ်စပ် ယာလာခရိုင်တွင် ခွဲထွက်လိုသူလူတစ်စု၏တိုက်ခိုက်မှုကြောင့် ရဲအရာရှိတစ်ဦး၊ ကျေးရွာစေတနာ့ဝန်ထမ်း များအပါအဝင် လူ ၁၅ ဦး သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်း သတင်းရေးသားဖော်ပြ ထား သည်။

အယ်လ်ဂျားဇီးယားသတင်းတွင် ရေးသားဖော်ပြထားသည့် တိုက်ခိုက်ခံရမှု ဖြစ်စဉ်နေရာအား ပြသသည့် မြေပုံတွင် အကြမ်းဖက်မှုဖြစ်ပွားသည့်နေရာသည် ထိုင်း-မလေးနယ်စပ်တွင်ဖြစ်ပြီး မြန်မာနှင့် ထိုင်း ဆက် စပ်နေရာနှင့်ဝေးကွာသည်ကို တွေ့ရှိရသည်။

https://bit.ly/3URn3xO

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများ ဖြစ် ပွားခဲ့သဖြင့် စစ်ဘေးရှောင်ဒုက္ခသည်အများအပြား မြန်မာ-ထိုင်းထိစပ်နေသည့် နေရာများတွင် စစ်ရှောင် နေရသည်။

သတင်းမှား၌ပါဝင်သကဲ့သို့ မြန်မာစစ်ရှောင်စခန်းများအား ထိုင်းစစ်တပ်မှ ဝင်ရောက်စစ်ဆေးမှု ရှိ၊ မရှိ ကို မဲဆောက်တွင် ခိုလှုံနေသူတစ်ဦးထံမေးမြန်းကြည့်ရာ“အခြေအနေတည်ငြိမ်နေပြီး အဲဒီလိုသတင်း မကြား မိကြောင်း” ပြန်လည်ဖြေကြားခဲ့သည်။

ထို့ကြောင့် ထိုင်းနိုင်ငံမှ မြန်မာဒုက္ခသည် စခန်းများအား ထိုင်းစစ်တပ်မှစစ်ဆေးနေဆိုသည်မှာ ထိုင်းနိုင်ငံ အတွင်း ၂၀၁၉ ခုနှစ်ကဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အဟောင်းမှဓာတ်ပုံအသုံးပြုကာ ဖြန့်ဝေနေသည့် သတင်းမှား တစ်ခုသာဖြစ်သည်။

မဇ္ဈိမ၏ သတင်းဖတ်ရှုသည့် ပရိသတ်များအနေဖြင့် သတင်းတုဟု သံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်းပါးများကို သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက်ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly