ဖားကန့်မှာ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရ

ဖားကန့်မှာ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရ

September 30

မဇ္ဈိမ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် တယ်လီဖုန်းလိုင်းများအားလုံး စက်တင်ဘာလ ၂၉ ရက်နေ့ ညကစပြီး ဆက်သွယ်လို့မရဘဲ ဖြတ်တောက်ခံထားရသည့် အခြေအနေ ဖြစ်ပေါ်နေသည်။

ဖားကန်မြို့နယ်ကို စစ်တပ်အာဏာသိမ်းပြီးနောက် ပိုင်း ၂၀၂၁ ခုနှစ် အောက်တိုဘာလကတည်းက အင်တာနက်လိုင်းများကို စစ်ကောင်စီမှ ဖြတ်တောက်ထားခဲ့ပြီး၊ ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းများကိုလည်း မကြာခဏဆိုသလို ဖြတ်ချထားခဲ့သည်။

သို့သော် ဖားကန့်တွင် ဂြိုလ်တုအင်တာနက် တစ်လိုင်းကိုသာ ဖွင့်ထားပေးခဲ့ပြီး၊ အဆိုပါအင်တာနက်လိုင်း တပ်ဆင်ထားသော ဆိုင်များတွင် တစ်နာရီလျှင် ၅,၀၀၀ကျပ်ပေးပြီး ဖားကန့်ပြည်သူများက သုံးစွဲနေရသည်။

ဖားကန့်မြို့နယ်အတွင်း လက်ရှိအချိန်တွင် စစ်ကောင်စီနှင့် ကေအိုင်အေဦးဆောင်သည့် ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းအဖွဲ့တို့ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေချိန် အခုလို ဆက်သွယ်ရေး တယ်လီဖုန်းလိုင်းတွေ ရုတ်တရက်ဖြတ်တောက်မှုကို ပြည်သူအများစုက နားမလည်နိုင်ဖြစ်နေပြီး စိုးရိမ်ပူပန်မှုတွေလည်း ဖြစ်ပေါ်နေသည်။

စက်တင်ဘာလ ၃၀ ရက်နေ့ မနက် ၁၀ နာရီကတည်းကစပြီး MPT ဖုန်းလိုင်းမှလွဲပြီး ကျန်ဖုန်းလိုင်းအားလုံး ပြန်လည်ဆက်သွယ်လို့ရေသာ်လည်း ကောင်းမွန်စွာ ပြောဆိုဆက်သွယ်လို့မရ၍ စစ်ကောင်စီခေါင်း ဆောင်၏သမီး ရှယ်ယာပါဝင်ပိုင်ဆိုင်သော တယ်လီနော (Atom) ဖုန်းလိုင်းတစ်ခုကသာ ရှင်းရှင်းလင်းလင်းနဲ့ ပြောဆိုဆက်သွယ်လို့ရနေခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဖားကန့်မြို့နယ်

#စစ်ကောင်စီ

#တယ်လီနော

#အင်တာနက်လိုင်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly