တိဗက်တွင် တရုတ်အစိုးရရန်လိုမှုများလာသည်နှင့်အမျှ လူ့အခွင့်အရေးကောင်စီက တိဗက်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်ရောက်ရှိနေ

တိဗက်တွင် တရုတ်အစိုးရရန်လိုမှုများလာသည်နှင့်အမျှ လူ့အခွင့်အရေးကောင်စီက တိဗက်ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန် အချိန်ရောက်ရှိနေ

တရုတ်ကတိဗက်များကိုတရားမဝင်ဖိနှိပ်ခြင်းကြောင့်တိဗက်လူမျိုးများကြားတွင် ဖိနှိပ်မှုများဖြစ်ပေါ်နေ သော်လည်း ကုလသမဂ္ဂသည်ဂျနီဗာမြို့ရှိကုလသမဂ္ဂဌာနချုပ်(Palais des Nations) တွင် ပြုလုပ်သည့် ၅၁ကြိမ်မြောက်ပုံမှန်တွေ့ဆုံမှုတွင်တိဗက်အရေးကိစ္စကိုဆွေးနွေးရန်ပျက်ကွက်ခဲ့သော်လည်း ကမ္ဘာကြီးက တိဗက်အရေးကို တဖန်ပြန်လည်အာရုံစိုက်လာနေသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်နာကတိဗက်သို့သွားရောက်လည်ပတ်ခဲ့သည်မှာ၂၄နှစ်ရှိပြီဖြစ်သော်လည်း တိဗက်လူမျိုးများအပေါ်ဆက်ဆံပုံနှင့်ပတ်သက်၍စုံစမ်းစစ်ဆေးမှုမပြုလုပ်နိုင်သေးဘဲတိဗက်တွင်မတရားဖမ်းဆီးခြင်းနှင့်အတင်းအဓမ္မပျောက်ဆုံးမှုများသည်ပုံမှန်ကိစ္စရပ်တစ်ခုဖြစ်လာနေကြောင်း တိဗက်စုပေါင်း လူ့အခွင့်အရေးအဖွဲ့ကပြောကြားခဲ့သည်။

 ကုလသမဂ္ဂ၏၅၁ကြိမ်မြောက်အစည်းအဝေးအတွင်း HRW အစီရင်ခံစာကို ကိုးကားပြီး တိဗက်ပြဿနာကို ဖြေရှင်းရန်မူဝါဒချမှတ်သူများအား တောင်းဆိုခဲ့ပြီး တိဗက်ရှိလူ့အခွင့်အရေး ချိုးဖောက်မှုများကိုစုံစမ်းစစ်ဆေးရန်တောင်းဆိုခဲ့သည်။
 
ထို့ပြင်တရုတ်ကွန်မြူနစ်ပါတီ (CCP) မှတိဗက်လူမျိုးများအား DNA စုဆောင်းမှုအား တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းနှင့်အပြင်ဘက်တွင်ခွင့်ပြုချက်မရှိဘဲပြုလုပ်နေပြီး၅နှစ်သားအရွယ် က လေးများကိုပင်စုဆောင်းနေကြောင်းလူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့(HRW)၏အစီရင်ခံစာသစ်တွင်ဖော်ပြထားသည်။

 တိဗက်တွင် CCP မှ DNA စုဆောင်းခြင်းဆိုင်ရာစိုးရိမ်စရာအသေးစိတ်အချက်အလက်များကို Citizen Lab မှထပ်မံဖော်ပြခဲ့ပြီးတရုတ်ရဲများသည်တိဗက်တွင်၂၀၁၆ခုနှစ်ဇွန်လကတည်းက DNA အစုလိုက် အပြုံလိုက်စုဆောင်းခြင်းအစီအစဉ်ကိုလုပ်ဆောင်ခဲ့ကြောင်းတိဗက်စုပေါင်းလူ့အခွင့်အရေးအဖွဲ့ (TRC) ကဖော်ပြခဲ့သည်။ 

CCP သည်တိဗက်ကို တရားမဝင်သိမ်းပိုက်ပြီးနောက် တိဗက်လူမျိုးများကို ဖိနှိပ်မှုများနှင့် ဖျက်ဆီးမှုလှိုင်းများကို ဖြစ်ပေါ်စေခဲ့ပြီး တရုတ်ဇာတ်သွင်းခြင်းကြောင့် တိဗက်ဗုဒ္ဓဘာသာသည် ခြိမ်းခြောက်ခံနေရသည်။

ထို့ပြင်ဗုဒ္ဓဘာသာအဆောက်အအုံများကိုဖြိုဖျက်ကာကွန်မြူနစ်ပါတီကတိဗက်ကလေးများအပေါ်မန်ဒရင်းဘာသာစကားကိုဆက်လက်ပြဋ္ဌာန်းပြီးမျိုးချစ်ပညာရေးဟုခေါ်သောပညာရေးကိုအတင်းအကျပ်သင်ခိုင်းနေသည်။

တရုတ်အာဏာပိုင်များသည် တိဗက်ဘာသာစကားကျောင်းများကိုတရုတ်ဘာသာဖြင့်ပြောင်းသင်စေခဲ့သည်။ 

တရုတ်ကိုလိုနီခေတ်ကျောင်းများသည်မိဘများနှင့်ကွဲကွာနေသောကလေးများအားဝါဒဖြန့်သင်ခန်းစာများသင်ပေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly