အရာတော်မြို့နယ်အတွင်း စစ်ကောင်စီကား အနီးကပ်တိုက်ခိုက်ခံရ၊ ထိခိုက်မှုများနိုင်ဟုဆို

အရာတော်မြို့နယ်အတွင်း စစ်ကောင်စီကား အနီးကပ်တိုက်ခိုက်ခံရ၊ ထိခိုက်မှုများနိုင်ဟုဆို

မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် မုံရွာ - အရာတော်ကားလမ်းတွင် စစ်ကောင်စီ ကားတစ်စီး အနီးကပ်မိုင်းခွဲ ပစ်ခတ်တိုက်ခံရပြီး ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အရာတော် Danger Force LPDF တပ်ဖွဲ့က စက်တင်ဘာလ ၂၉ ရက်တွင် သတင်းထုတ်ပြန်သည်။

စက်တင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် မုံရွာမှ အရာတော်ဘက်သို့ မောင်လာသောစစ်ကားကို အရာတော်မြို့နှင့် ကမ်းဖြူကျေးရွာအကြားတွင် တိုက်ခိုက်ခဲ့ခြင်းဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

တူမီးရှေ့ထွက်ကြီး နှစ်လုံးအပြင် လက်နက်ငယ်များဖြင့် အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကာဘေးတစ်ခြမ်း ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း အရာတော် Danger Force LPDF တပ်ဖွဲ့ထံက ပဆသိရသည်။

တိုက်ခိုက်ခံခဲ့ရသည့် အဆိုပါကားသည် စစ်ကောင်စီ လက်ပါးစေတပ်သားများနှင့် ရိက္ခာများ သယ်ဆောင်လာခြင်း ဖြစ်ကြောင်းလည်းဆိုသည်။

တိုက်ခိုက်မှုကြောင့် ကားပေါ်ပါလာသည့်စစ်ကောင်စီတပ်သားများ ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကာ သေဆုံးမှုအခြေကိုမူ မသိရသေးကြောင်းဆိုသည်။

ယင်းတိုက်ခိုက်မှုကို Danger Force LPDF နှင့်အတူ ပင်လယ်ပျော်တော်လှန်ရေး အင်အားစု ၊ People’s Revolution Force (PRF)၊ ပတ္တမြားညီညောင် ပြောက်ကျား တပ်ဖွဲ့နှင့် အရာတော် ပကဖ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဟု သိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required