အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးတင်ရှို့နေ

အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာအတွင်းရှိ နေအိမ်များကို စစ်တပ်က မီးတင်ရှို့နေ

စက်တင်ဘာလ ၂၈ ရက်

ကချင်ပြည်နယ်၊ မိုးညှင်းဘက်မှ အင်းတော်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကောင်စီစစ်ကြောင်းသည် စက်တင်ဘာ ၂၈ ရက်နေ့လယ်ပိုင်း၌ အောင်ကုန်းကျေးရွာကို ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

ယနေ့ စက်တင်ဘာလ၂၈ရက်နေ့ နေ့လယ် ၁၂နာရီခန့်က စစ်ကောင်စီစစ်ကြောင်းသည် အောင်ကုန်းကျေးရွာသို့ ရောက်ရှိလာပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

"နေအိမ်ဘယ်နှလုံးပါသွားလဲဆိုတာတော့ မသိရသေးပါဘူး၊ မီးခိုးလုံးတွေတော့မြင်နေရတယ်ဗျ၊ စာသင်ကျောင်းလည်း ပါသွားတယ်တော့ ပြောနေကြတယ် "ဟု ဒေသခံတစ်ဦးက ဆိုသည်။

အောင်းကုန်းကျေးရွာတွင် အိမ်ခြေ ၄၀၀ကျော်ရှိပြီး စစ်တပ်စစ်ကြောင်းရောက်လာသောကြောင့် ဒေသခံ ၃,၀၀၀နီးပါး ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

အင်းတော်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်နှင့် KIA ၊ PDF ၊ကျောင်းသားတပ်များ ပူးပေါင်းတိုက်ပွဲ မကြာခဏဖြစ်လေ့ရှိပြီး ပြီးခဲ့သည့် စက်တင်ဘာလ၂၁ရက်နေ့ကလည်း စစ်တပ်က နန်းနောင်ရွာ၊ ကျော်ရွာတို့ကို ဝင်ရောက်မွှေနှောက်ပြီး ဒေသခံရွာသားတချို့ ဖမ်းဆီးခံခဲ့ရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly