တနင်္သာရီမြို့ လယ်သစ်မြစ်အတွင်း စက်လှေပေါ်၌ ဖမ်းဆီး ရမိသည့်မူးယစ်ဆေးဝါးများကို PDF မီးရှို့ ဖျက်ဆီး

တနင်္သာရီမြို့ လယ်သစ်မြစ်အတွင်း စက်လှေပေါ်၌ ဖမ်းဆီး ရမိသည့်မူးယစ်ဆေးဝါးများကို PDF မီးရှို့ ဖျက်ဆီး

စက်တင်ဘာလ ၂၈ ရက်

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်ရှိ လယ်သစ်ကျေးရွာ မြစ်အတွင်း စက်လှေပေါ်၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို PDF အဖွဲ့က မီးရှို့ဖျက်ဆီးလိုက်ကြောင်း တနင်္သာရီပြောက်ကျားတပ်အဖွဲ့က ယနေ့ စက်တင်ဘာလ ၂၈ ရက် နံနက်ပိုင်းတွင် ထုတ်ပြန်သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးများကို တနင်္သာရီမြို့နယ် လယ်သစ်မြစ်၀ ရေလမ်းကြောင်းမှ တဆင့် စက်လှေဖြင့် သယ်ဆောင်လာစဉ် စက်တင်ဘာလ ၂၇ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်ဟု အထက်ပါ တနင်္သာရီပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ WY တံဆိပ်ပါ ဆေးပြား ၆၀၀ကျော်နှင့် ဘိန်းစာမှုန့် အထုပ် ၂,၀၀၀ကျော်ခန့် ပါဝင်ကြောင်း သိရ သည်။

တနင်္သာရီပြောက်ကျားတပ်ဖွဲ့က အဆိုပါ ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး ပစ်ခဲ့ပြီး သယ်ဆောင်လာသူများကို မည်ကဲ့သို့ ဆောင်ရွက်ခဲ့သည်ကို မဇ္ဈိမက ဆက်သွယ် မေးမြန်းထားရာ ဆက်သွယ်ရေးအခက်အခဲကြောင့် ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စာတည်း။ ။ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly