၅၆၆ ရက်မြောက် ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက်

၅၆၆ ရက်မြောက် ရွာပေါင်းစုံသပိတ် ဆက်လက်ချီတက်

September 28

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ရွာအချို့မှ စုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှု ၅၆၆ ရက်မြောက်အဖြစ် ယနေ့ စက်တင်ဘာ ၂၈ရက်နေ့တွင် ဆက်လက် ချီတက် ဆန္ဒပြ ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “Accept NUG & Our ambassador, Reject Dictator” စာတန်းကို ဆွဲကိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြသည်။

ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှ စတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

#mizzima

#ဆားလင်းကြီးမြို့နယ်

#ရွာပေါင်းစုံသပိတ်

#ကြွေးကြော်သံ

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly