တရုတ် ရဲအကြီးအကဲ ၃ဦး  လာဘ်ပေးလာဘ်ယူမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ 

တရုတ် ရဲအကြီးအကဲ ၃ဦး  လာဘ်ပေးလာဘ်ယူမှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရ 

တရုတ်နိုင်ငံ ရှန်ဟိုင်း၊ချုံချင်းနှင့်ရှန်ရှီမြို့များမှ ရဲအရာရှိဟောင်း ၃ဦးသည် လာဘ်ပေးလာဘ်ယူမှုဖြင့် ဟူပေ ပြည်နယ်တွင် စက်တင်ဘာ၂၁ရက်က ပြစ်ဒဏ်ချမှတ်ခံခဲ့ရကြောင်း China Daily သတင်းတွင်ဖော်ပြထားသည်။

အောက်တိုဘာ၁၆ရက်တွင် ကျင်းပမည့်အရေးကြီးသောကွန်မြူနစ်ပါတီအပြောင်းအရွှေ့မတိုင် ရက်သတ္တပတ်အနည်းငယ်အလိုတွင် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ရှန်ဟိုင်းအစိုးရ၏ဒုတိယမြို့တော်ဝန်ဟောင်းနှင့်ရှန်ဟိုင်းပြည်သူ့လုံခြုံရေးဗျူရို၏ညွှန်ကြားရေးမှူးဖြစ်သူကောင်းဒေါင်အန်သည်ယွမ်ငွေ၇၃ဒသမ၄သန်းလာဘ်ငွေယူမှုအတွက်ဟူပေပြည်နယ်၊တန်ဆန်းအလယ်တန်းအဆင့်ရှိ ပြည်သူ့ တရားရုံးက ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့သည်။

တရားရုံးကကောင်း၏ နိုင်ငံရေးလုပ်ပိုင်ခွင့်များကို တစ်သက်တာရုပ်သိမ်းခဲ့ပြီး ၎င်း၏ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းခဲ့ကာ တရားမဝင်အကျိုးအမြတ်များကို နိုင်ငံတော်ဘဏ္ဍာတိုက်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း China Daily ကဖော်ပြခဲ့သည်။

အခြားအမှုတွင်၊ချုံချင်းမြူနီစီပယ်အစိုးရ၏ဒုတိယမြို့တော်ဝန်ဟောင်းနှင့်ပြည်သူ့လုံခြုံရေးဗျူရို၏အကြီးအကဲဟောင်းဖြစ်သူတန်ဟွေလင်းကိုဟူပေရှိပေါင်တင်းအလယ်အလတ်ပြည်သူ့တရားရုံးကယွမ်၄၂ဒသမ၇သန်းခန့်လာဘ်ယူမှုအတွက် ထောင်ဒဏ်၁၅နှစ် ချမှတ်လိုက်သည်။

တရားရုံးက၎င်းကိုယွမ်၄သန်းဒဏ်ရိုက်ခဲ့ပြီးတန်၏တရားမဝင်အကျိုးအမြတ်များကို နိုင်ငံတော်ဘဏ္ဍာတိုက်သို့ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း China Daily ကဖော်ပြခဲ့သည်။

ရှန်ရှီပြည်နယ်၏ ဒုတိယအုပ်ချုပ်ရေးမှူးဟောင်းနှင့်ရဲချုပ်ဟောင်း လျှိုရှင်ယန်သည်ဟူပေပြည်နယ်တရားရုံး တစ်ခုမှ စက်တင်ဘာ၂၁ရက်တွင်အကျင့်ပျက်ခြစားမှုဆိုင်ရာ ပြစ်ဒဏ်များစုပေါင်းပြီး ထောင်ဒဏ်၁၄နှစ်ချမှတ်ခံခဲ့ရသည်။

ဟူပေ၊လန်ဖန်ရှိအလယ်အလတ်ပြည်သူ့တရားရုံးကလျှိုအားလာဘ်ပေးလာဘ်ယူမှုဖြင့်ထောင်ဒဏ်၁၂နှစ်၊ဒဏ်ငွေယွမ်၁သန်းနှင့်အာဏာအလွဲသုံးစားလုပ်မှုအတွက်နောက်ထပ်ထောင်ဒဏ်၄နှစ်ချမှတ်ခဲ့သည်။စုစုပေါင်းထောင်ဒဏ်၁၄နှစ်ချမှတ်ခဲ့ကြောင်း China Daily သတင်းတွင်ဖော်ပြထားသည်။

ကောင်းဒေါင်အန်၊တန်ဟွေလင်းနှင့်လျှိုရှင်ယန်တို့သည်သမ္မတရှီကျင့်ဖျင်အပေါ်သစ္စာမဲ့မှုကြောင်းစွပ်စွဲခံရပြီးနောက် လာဘ်ပေးလာဘ်ယူမှုဖြင့်စီရင်ချက်ချမှတ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required