ရုရှားမှရေနံ တင်သွင်းရန် ပါကစ္စတန် စဉ်းစားနေ

ရုရှားမှရေနံ တင်သွင်းရန် ပါကစ္စတန် စဉ်းစားနေ

ပါကစ္စတန်နိုင်ငံသည် ရုရှားထံမှ ရေနံကို ကာလဆိုင်းငံ့ ငွေပေးချေစနစ် ဖြင့် ဝယ်ယူတင်သွင်းသွားနိုင်ပြီး နှစ်နိုင်ငံစလုံးသည် ထိုကိစ္စအတွက် ဖြစ်နိုင်ခြေ အလားအလာတစ်ရပ်ကို ဆွေးနွေးလျက် ရှိကြောင်း အကြီးတန်းအစိုးရအရာရှိတစ်ဦးက စက်တင်ဘာ ၁၈ ရက်တွင် ပြောသည်။

မကြာသေးမီက ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ်နှင့် ရုရှားသမ္မတ ဗလာဒီမာ ပူတင်တို့သည် ဆာမာကန့်ဒ်မြို့ရှိ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (SCO) အစည်းအဝေး ပြင်ပတွင် သီးခြား တွေ့ဆုံခဲ့ကြသည်။ 

ဝန်ကြီးချုပ် ရှာရစ်သည် ရုရှားသမ္မတ ပူတင်နှင့် အနည်းဆုံး သုံးကြိမ်တွေ့ဆုံထားခဲ့ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ် ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် အရာရှိက The Express Tribune ကို ပြောသည်။

 “တွေ့ဆုံမှုတစ်ခုက တရားဝင် တွေ့ဆုံတာဖြစ်ပြီး ကျန်တစ်ခုကတော့ အလွတ်သဘော တွေ့တာ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အရာရှိက ပြောသည်။

 ရုရှားထံမှ ရေနံကို လျှော့ဈေးဖြင့် တင်သွင်းရန် အဆိုပြုချက်တစ်ရပ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများ ရှိခဲ့သည်ဆိုသည့် ယခင်အစိုးရ၏ ပြောဆိုချက်များကို အဆိုပါအရာရှိက ပယ်ချသွားခဲ့သည်။

 “သိပ်မကြာသေးခင်က ရုရှားနဲ့ တွေ့ဆုံမှုမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တာကတော့ ရေနံကို ဆိုင်းငံ့ကာလ ငွေပေးချေစနစ်နဲ့ တင်သွင်းနိုင်မယ့် အလားအလာအကြောင်းပဲ ဖြစ်ပါတယ်” ဟု အဆိုပါအရာရှိက ပြောသည်။

ရုရှားဘက်ကလည်း ထိုအဆိုပြုချက်ကို လက်ခံစဉ်းစားပေးလိုသည့် သဘောဆန္ဒကို ပြသထားကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly