အရှေ့တောင်အာရှနိုင်ငံများက စီးပွားရေးနည်းလမ်းဖြင့် တရုတ်ကို တွန်းလှန်

အရှေ့တောင်အာရှနိုင်ငံများက စီးပွားရေးနည်းလမ်းဖြင့် တရုတ်ကို တွန်းလှန်

တရုတ်စီးပွားရေးတိုးတက်မှုနှင့်အတူ ယင်းတို့၏ ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်နိုင်ပြီး ကွန်မြူနစ်တရုတ်၏ ကြွေးမြီထောင်ချောက် သံခင်းတမန်ခင်းကို ရှောင်တိမ်းနိုင်ခဲ့ခြင်းကြောင့် အရှေ့တောင် အာရှနိုင်ငံများကို တရုတ်က မဟာဗျူဟာမြောက်သိမ်းပိုက်မှု မပြုလုပ်နိုင်ခဲ့ပေ။

အချုပ်အားဖြင့် အရှေ့တောင်အာရှနိုင်ငံများသည်တရုတ်နှင့် ယင်း၏ထောင်ချောက်နည်းဗျူဟာများကို အစွမ်းကုန် တွန်းလှန် နိုင်ခဲ့သည်။

ထို့ပြင်အာဆီယံသည်ပထဝီဝင်နိုင်ငံရေးတွက်ချက်မှုများအရဒေသတွင်းတွင်အရေးပါလာနေပြီးယနေ့ခေတ်တွင်အကြီးမားဆုံးကုန်သွယ်ရေးအဖွဲ့ကြီးဖြစ်လာခဲ့သည်။

သို့သော် တောင်အာရှနှင့်အာဖရိကတွင် တရုတ်သည်ဖွံ့ဖြိုးမှု အကူအညီနှင့်ဆင်းရဲသော အာဆီယံနိုင်ငံများ အတွက် ငွေကြေးအကူအညီရင်းမြစ် ဖြစ်နေသေးသည်။

ဥပမာ လာအိုနှင့်ကမ္ဘောဒီးယားတို့သည် ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းတွင် ပူးပေါင်းခဲ့ပြီး ကမ္ဘောဒီးယားသည် တရုတ်မှ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဒေါ်လာ၈၆၀သန်းကျော်ရရှိခဲ့ပြီး (၂၀၂၀ပြည့်နှစ်အထိ) တောင်အာရှ၊အာဖရိကနှင့်မတူဘဲ အရှေ့တောင်အာရှတွင်တရုတ်က မဟာဗျူဟာမြောက်သိမ်းပိုက်မှုကို မပြုလုပ်နိုင်ခဲ့ပေ။

ဒေသတွင်းစီးပွားရေးအတွက်ကြီးမားသော ပံ့ပိုးကူညီမှုများရှိနေသော်လည်း စင်ကာပူရှိ ISEAS-Yusof Ishak Institute က အရှေ့တောင်အာရှထိပ်တန်းပုဂ္ဂိုလ်များကို မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုတွင် တရုတ်သည် အဆိုပါဒေသတွင် ယုံကြည်ခံရမှုအနည်းဆုံး နိုင်ငံဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

 အလားတူလေ့လာမှုအရအမေရိကန်သည်ဂျပန်ပြီးလျှင်ဒုတိယယုံကြည်ရဆုံးမိတ်ဖက်နိုင်ငံဖြစ်ကြောင်း စင်ကာပူပို့စ်က ဖော်ပြခဲ့သည်။

 အရှေ့တောင်အာရှနိုင်ငံများသည်ယင်းတို့၏အမျိုးသားလွတ်လပ်ခွင့်များကိုအမြင့်ဆုံးခွင့်ပြုနိုင်သည့်ပွင့်လင်းပြီး အားလုံးပါဝင်နိုင်သည့် ဒေသဆိုင်ရာစနစ်ကို လိုလားကြပြီး တရုတ်၏မူဝါဒသည် ယင်းရည်ရွယ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required