ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဖြင့် တိဗက်နှင့်ရှင်ကျန်းဒေသများတွင် တရုတ်အစိုးရက စောင့်ကြည့်နေ

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဖြင့် တိဗက်နှင့်ရှင်ကျန်းဒေသများတွင် တရုတ်အစိုးရက စောင့်ကြည့်နေ

တရုတ်၏က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒသည် ၂၀၂ဝပြည့်နှစ်တွင် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားပြီးကတည်းက အကောင်အထည်ဖော်ခဲ့သည့် အငြင်းပွားစရာ အကောင်းဆုံးမူဝါဒများထဲမှ တစ်ခုဖြစ်လာနိုင်သည်။

တင်းကျပ်သောအုပ်ချုပ်ရေးမှုပုံစံ ကျင့်သုံးမှုကြောင့် နိုင်ငံတစ်ဝန်းလုံးတွင်ကြောက်ရွှံ့မှုနှင့်ဒေါသကိုပိုမိုကြီးထွား လာစေပြီးကျယ်ပြန့်သောနယ်မြေများတွင်သန်းနှင့်ချီ၍ဒုက္ခရောက်စေခဲ့သည်။

 အဆိုပါ မူဝါဒအရ  ကူးစက်မှု အနည်းငယ်သာ တွေ့ရှိသော်လည်း တစ်မြို့လုံးကိုပိတ်ဆို့အရေးယူခဲ့သည်။

ယင်းအစီအမံများသည် ကူးစက်သူဦးရေကို မလျှော့ချနိုင်ဘဲလူများ၏ အသက်မွေးဝမ်းကျောင်းမှုကို မကြာခဏ ထိခိုက်စေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အတွင်း သိသာထင်ရှားသော စိုးရိမ်မှုအချို့ကို ပေါ်ပေါက်စေခဲ့သည်။

 မကြာသေးမီက ထိုကဲ့သို့သော အာဏာရှင်ဆန်သောအစီအမံများ၏ ဥပမာအဖြစ် တရုတ်အာဏာပိုင်များက လွန်ခဲ့သည့်လများအတွင်းတိဗက်နှင့်ရှင်ကျန်းဒေသကိုတင်းကျပ်သောပိတ်ဆို့အရေးယူမှုများပြုလုပ်ခဲ့ခြင်းဖြစ် သည်။

ကူးစက်ခံရသူအရေအတွက်တိုးလာသဖြင့်အစိုးရအဖွဲ့ကတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရှီဂတ်ဆဲမြို့ရှိ လူဦး ရေ ၈ သန်းကို ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒဖြင့် ဖိအားပေးပိတ်ဆို့ ကန့်သတ်ထားခဲ့သည်။

ပိတ်ဆို့ကန့်သတ်ထားသောဒေသတွင်နေထိုင်သူများ၏ ကျန်းမာရေးအခြေအနေကိုသိရှိနိုင်ရန် ညတိုင်း တွင် ကိုဗစ်-၁၉ကိုအတင်းအကျပ် စစ်ဆေးခံခဲ့ရသည်။
 
သို့သော် တရုတ်ပြည်မကြီးမှလာရောက်လည်ပတ်သောခရီးသွားဒေသများသည် ကူးစက်မှုများ တိုးလာသည့်နေရာများ ဖြစ်ကြောင်းဒေသခံအများအပြားက ငြင်းချက်ထုတ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required