လူငယ်အဆိုတော်တစ်ဦးရဲ့ တော်လှန်ရေးခရီး ဖြတ်သန်းခြင်း

လူငယ်အဆိုတော်တစ်ဦးရဲ့ တော်လှန်ရေးခရီး ဖြတ်သန်းခြင်း

မဇ္ဈိမ။   ။  မြန်မာ့နွေဦးတော်လှန်ရေး ဖြစ်စဉ်တွင် လူတန်းစားမရွေး စစ်အာဏာရှင်ကို ပုံစံအမျိုးမျိုး တော်လှန်နေကြပါတယ်။တော်လှန်ရေးထဲတွင် ရန်ကုန်မြို့က လူငယ်အဆိုတော်တစ်ဦးဖြစ်တဲ့ ဘိုဂျမ်းဆိုတဲ့ လူငယ်တစ်ဦးလည်း ပါဝင်နေပါတယ်။

သူက လှိုင်သာယာမြို့နယ် သပိတ်မှာ ဆန္ဒပြရင်း စစ်တပ်က ရက်ရက်စက်စက်ဖြိုခွင်းတဲ့ ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီးနောက် လွတ်မြောက်နယ်မြေတစ်နေရာမှာ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။

“စစ်တပ်က ဖြိုခွင်းတော့ ကျနော့် မျက်စိရှေ့မှာတင်ဖြစ်သွားတာပေါ့ဗျာ ။အများကြီးပဲ ။လူပေါင်း၇၀လောက်ရှိတယ် ။ ပန်းလှိုင်ဆေးရုံပို့ နီးစပ်ရာဆေးရုံတွေကိုပို့ အဲ့လိုလုပ်ခဲ့ရတာပေါ့  ။သင်တန်းတက်တော့ သေနတ်ပစ်ရတာ အခက်အခဲရှိတာပေါ့ ။ ကွာတော့ ကွာတာပေါ့ဗျာ ။ မိုက်ကိုင်တယ်ဆိုတာက သိတယ်မလား ကိုယ်ဝါသနာအရမ်းကိုပါတဲ့ အလုပ်ကို လုပ်နေရတော့ စင်ပေါ်တက်လိုက်ပြီဆိုရင် စိတ်က ကြွနေတာလေ ပရိသတ်ကို ဘယ်လိုမြူးအောင်လုပ်ပေးမလဲဆိုတဲ့ အတွေးတွေနဲ့  အခုတော့ သေနတ်ကို အကိုရဲ့ ဒီခွေး(စစ်ကောင်စီတပ်သား)တွေကို ဘယ်လိုသတ်မလဲ ဆိုတဲ့ အတွေးတွေနဲ့ ကိုင်တာ”လို့ လူငယ်အဆိုတော်တစ်ဦးဖြစ်တဲ့ ဘိုဂျမ်းက ပြောပါတယ် ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ် စက်တင်ဘာ၂၃ရက်နေ့အထိ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူများရဲ့ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၂,၃၁၆ဦး ရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ထုတ်ပြန်ထားသည်။

စာတည်း။    ။ ဖူးသိမ်ကျ

#တော်လှန်ရေး
#အဆိုတော်
#စစ်အာဏာရှင်
#ရန်ကုန်တိုင်း
#လှိုင်သာယာမြို့နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly