ပါကစ္စတန်နိုင်ငံတွင်း ဥပဒေချိုးဖောက်သော လုပ်ရပ်များမှ  တာလီဘန်တို့ တစ်နှစ်လျှင် ဒေါ်လာသန်းရာချီ ရရှိ

ပါကစ္စတန်နိုင်ငံတွင်း ဥပဒေချိုးဖောက်သော လုပ်ရပ်များမှ  တာလီဘန်တို့ တစ်နှစ်လျှင် ဒေါ်လာသန်းရာချီ ရရှိ

တာလီဘန်တို့သည် ပါကစ္စတန်နိုင်ငံအတွင်း ခြိမ်းခြောက်ငွေညှစ်ခြင်း အပါအဝင် ဥပဒေချိုးဖောက်သော လုပ်ရပ်များ ကျူးလွန်ခြင်းဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိခဲ့ကြောင်း မီဒီယာသတင်းများက ဖော်ပြသည်။

အာဖဂန်တာလီဘန်တို့သည် တရားမဝင်သော နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် နှစ်စဉ် ဒေါ်လာ သန်း ၂၀၀ ခန့် ရရှိနေခဲ့ကြောင်း ပါကစ္စတန်အစိုးရ အဆင့်မြင့်အရာရှိတစ်ဦးက အမျိုးသားလွှတ်တော် အမျိုးသားလုံခြုံရေးကော်မတီ အစည်းအဝေးတစ်ခုတွင် ပြောခဲ့သည်ဟု ပါကစ္စတန် ပြည်သူ့ပါတီ (PPP) အထက်လွှတ်တော်အမတ် မူစတာဖာ နာဝက်ဇ် ခိုခါက ပြောကြောင်း The News International က ဖော်ပြသည်။

“သူတို့ (အာဖဂန်တာလီဘန်) တွေက တီတီပီ (တီရစ်-အီ-တာလီဘန် ပါကစ္စတန်) အဖွဲ့နဲ့ အနီးကပ် ပူးပေါင်းလုပ်ဆောင်နေတာ မဟုတ်ဘူးလား” ဟု PPP အထက်လွှတ်တော်အမတ်က တွစ်တာတွင် ရေးသည်။ ဆွက်၊ ကာရမ်နှင့် အခြားနေရာများတွင် TTP တို့ကြောင့် လူဒါဇင်များစွာ သေဆုံးခဲ့သည်ဟု PPP အထက်လွှတ်တော်အမတ် ခိုခါက မှတ်ချက်ပေးခဲ့သည်။

ဆွန်နီ မွတ်စလင် အုပ်စုအဖွဲ့များဖြစ်သည့် ဒီအိုဘန်ဒီ တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) နှင့် ပြိုင်ဘက်ဖြစ်သည့် တီရစ်-အီ-လာဘိတ် ပါကစ္စတန် (TLP) တို့သည် ပါကစ္စတန်နိုင်ငံတစ်ဝန်း အုပ်စုစွဲ   အကြမ်းဖက်မှုကို လှုံ့ဆော်ပေးလျက် ရှိသည်။

နိုင်ငံတစ်ဝန်း ဒေသအများအပြားအပေါ် ခြိမ်းခြောက်နေသည့် လက်ရှိ နိုင်ငံရေး မပြေလည်မှုနှင့် စီးပွားရေးဖိစီးမှု တို့နှင့်အတူ ထိုအခြေအနေက ကြီးထွားနိုင်သည်ဟု ဘရက်ဆဲလ် အခြေစိုက် နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG) ၏ စက်တင်ဘာ ၅ ရက်ထုတ် လေ့လာချက်တစ်ရပ်တွင် ဖော်ပြထားကြောင်း Islam Khabar မီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly