အမေရိကန်နှင့်တူရကီသမ္မတတို့က ကုလညီလာခံတွင် တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း လုံလောက်အောင် မပြောဆိုသဖြင့် ဝီဂါများ စိတ်ပျက်

By East Turkistan Net
22 September 2022
အမေရိကန်နှင့်တူရကီသမ္မတတို့က ကုလညီလာခံတွင် တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်း လုံလောက်အောင် မပြောဆိုသဖြင့် ဝီဂါများ စိတ်ပျက်

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် ကမ္ဘာတစ်ဝန်းရှိ အရေးပါသော ပြဿနာများစွာကို အလေးထား ဆွေးနွေးသည့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် စက်တင်ဘာ ၂၁ ရက်က မိန့်ခွန်းပြောကြားခဲ့သည်။ လူ့အခွင့်အရေးနှင့်ပတ်သက်၍ သမ္မတဘိုင်ဒန်က “ ဒီ ၂၀၂၂ ခုနှစ်မှာ ကုလသမဂ္ဂလူ့အခွင့်အရေး မဟာမင်းကြီးရုံး က အသေးစိတ်ထုတ်ပြန်တဲ့ ရှင်ကျန်း (အရှေ့တာစ္စတန်) ကချိုးဖောက်မှုတွေကစလို့ ကမ္ဘာ့နေရာတိုင်းမှာ အခြေခံလွတ်လပ်ခွင့်တွေဟာ စိုးရိမ်စရာဖြစ်နေပါပြီ” ဟုပြောသည်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာပြောတဲ့ သမ္မတ ဘိုင်ဒန်ရဲ့ မိန့်ခွန်းက ပျော့ညံ့လှပါတယ်။ ဝီဂါ၊ ကာဇတ်၊ ကာဂျစ်နှင့် အရှေ့တူကစ္စတန်ရှိ အခြားသော တာကစ်လူမျိုးတွေအပေါ် တရုတ်နိုင်ငံရဲ့ လက်ရှိဖြစ်နေတဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို ထိထိရောက်ရောက်နဲ့ အလေးထားရှုတ်ချပြောဆိုဖို့ ပျက်ကွက်ခဲ့ပါတယ်”ဟု အဝေးရောက် အရှေ့တာကစ္စတန်အစိုးရ ၀န်ကြီးချုပ် ဆာလီဟူဒါယာက ပြောကြားခဲ့သည်။

 “အရှေ့ တာကစ္စတန်အကြောင်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အစီအစဉ်မှာ ထည့်သွင်းပြီး ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဆုံးဖြတ်ချက်အဆိုတင်သွင်းခြင်းအားဖြင့် တရုတ်နိုင်ငံရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ လူမျိုးတုံး သတ်ဖြတ်မှုကို အဆုံးသတ်ရေး ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်ဖို့ အမေရိကန်အစိုးရကို မေတ္တာရပ်ခံ ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
 
သမ္မတဘိုင်ဒန်သည် ရှင်ကျန်းမှ ချိုးဖောက်မှုများကို ဖော်ပြခဲ့သော်လည်း အရှေ့တာကစ္စတန်ရှိ တရုတ်၏ လူမျိုးတုံးသတ်ဖြတ်မှုများကို ပြတ်ပြတ်သားသားထုတ်ဖော်ပြောဆိုရန် ပျက်ကွက်ခဲ့သည်။ ထို့ပြင် သမ္မတ ဘိုင်ဒန်သည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားချင်းမစာနာသည့် တခြားသောရာဇဝတ်မှုများကို ရင်ဆိုင် နေရသော သီးခြားလူမျိုးစုများ အထူးသဖြင့် ဝီဂါများအကြောင်းကို ရှင်းရှင်းလင်းလင်းပြောကြားခြင်းမရှိပေ။

" အရှေ့တာကစ္စတန်မှာ ဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို သမ္မတ ဘိုင်ဒန်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြည့်ပြည့်ဝဝ မဖြေရှင်းနိုင်ခဲ့တဲ့အတွက် ကမ္ဘာ့အနှံ့က အရှေ့တာကစ္စတန်ရွှေ့ပြောင်းတွေကို စိတ်ပျက်စေခဲ့ပါတယ်” ဟု အဝေးရောက် အရှေ့တာကစ္စတန်အစိုးရသမ္မတ ယူလမ်ယက်မာက ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်က  တူရကီသမ္မတ ရီဆက်တေရစ်အာဒိုဂန်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်း ပြောကြားရာတွင် ဝီဂါပြဿနာနှင့် ပတ်သက်ပြီး အတိုချုံးမှတ်ချက်ပြုခဲ့သည်။ “တရုတ်တစ်နိုင်ငံတည်းမူဝါဒနဲ့ အချုပ်အခြာအာဏာအခွင့်အရေးတွေကို နားလည်သဘောပေါက်ပြီးတော့တရုတ်ပြည်ရဲ့ နယ်မြေပိုင်ဆိုင်မှုကို မထိခိုက်စေဘဲ မွတ်စလင်ဝီဂါတွေနဲ့ တာကစ်လူမျိုးတွေရဲ့ အခြေခံအခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို အကာအကွယ်ပေးရာမှာ သတိထားရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

တရုတ်တစ်နိုင်ငံတည်း မူဝါဒနှင့် ပိုင်နက်ဆိုင်ရာ အချုပ်အခြာအာဏာကို ထောက်ခံသော သမ္မတအာဒိုဂန်၏ မိန့်ခွန်းသည် အရှေ့တာကစ္စတန်၏ လွတ်လပ်ရေးကြိုးပမ်းမှုကို ထိခိုက်စေသောကြောင့် ကမ္ဘာလုံးဆိုင်ရာ အရှေ့တာကစ္စတန်ရွှေ့ပြောင်းများက အဆိုပါမိန့်ခွန်းကို ရှုတ်ချခဲ့ကြသည်။ 

တရုတ်ကွန်မြူနစ်စစ်တပ်သည် ၁၉၄၉ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အရှေ့တာကစ္စတန်ကို ကျူးကျော်ဝင်ရောက်ခဲ့ပြီး လွတ်လပ်သော အရှေ့တာကစ္စတန်သမ္မတအစိုးရကို ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့တွင် ဖြုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required