တရုတ်ထိပ်တန်း တစ်ပိုင်းလျှပ်ကူးပစ္စည်းရင်းနှီးမြှပ်နှံမှုရန်ပုံငွေကုမ္ပဏီ၏ အမှုဆောင်တစ်ဦး အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

တရုတ်ထိပ်တန်း တစ်ပိုင်းလျှပ်ကူးပစ္စည်းရင်းနှီးမြှပ်နှံမှုရန်ပုံငွေကုမ္ပဏီ၏ အမှုဆောင်တစ်ဦး အဂတိလိုက်စားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရ

တရုတ်တစ်ပိုင်းလျှပ်ကူးပစ္စည်းစက်မှုလုပ်ငန်းပိုင်းတွင်ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေသည့်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဖြိုခွင်းမှုတွင်တရုတ်ထိပ်တန်းတစ်ပိုင်းလျှပ်ကူးပစ္စည်းရင်းနှီးမြှပ်နှံမှုရန်ပုံငွေကုမ္ပဏီ၏အထွေထွေလုပ်ဖော်ကိုင်ဖက်ဖြစ်သည့်အကြီးတန်းအမှုဆောင်တစ်ဦးသည်ထုတ်ခံလိုက်ရသည့်အမှုဆောင်စာရင်းတွင်ပါဝင်လာပြီးအကျင့်ပျက်ခြစားမှုသံသယဖြင့်စုံစမ်းစစ်ဆေးခံနေရသည်။

Sino IC Capital Ltd. ၏ဒုတိယဥက္ကဋ္ဌရမ်ခိုင်းကိုတရုတ်အာဏာပိုင်များကစက်တင်ဘာ၁၅ရက် နံနက်ပိုင်းတွင်ဖမ်းဆီး ထိန်းသိမ်းလိုက် ကြောင်းCaixinသတင်းရင်းမြစ်ကို ကိုးကား၍ Nikkei Asia ကဖော်ပြခဲ့သည်။

Sino IC သည် "Big Fund" ဟုလူသိများသော China Integrated Circuit Industry Investment Fund ၏ တစ်ဦးတည်းမန်နေဂျာဖြစ်ပြီး "Big Fund" သည် နိုင်ငံပိုင် ကျောထောက်နောက်ခံပြုတစ်ပိုင်းလျှပ်ကူးပစ္စည်းရင်းနှီးမြှပ်နှံမှုရန်ပုံငွေကုမ္ပဏီနှင့်ချစ်ပ်ပြုလုပ်ရာ တွင် ပြည်တွင်းလိုအပ်ချက် ရရှိရေးကြိုးပမ်းမှုအတွက် အဓိကကျသူဖြစ်သည်။
 
ဇူလိုင်လကတည်းကရန်ပုံငွေအဖွဲ့နှင့်ယင်း၏စီမံခန့်ခွဲမှုကုမ္ပဏီမှလက်ရှိနှင့်အမှုဆောင်အရာရှိဟောင်း၇ဦးအား ယင်းရန်ပုံငွေအဖွဲ့မှရင်းနှီးမြှပ်နှံထားသည့်အခြားကုမ္ပဏီများမှလူများနှင့်အတူလာဘ်စားမှုကြောင့် စုံစမ်းစစ်ဆေးခံနေရကြောင်း Nikkei Asia ကဖော်ပြခဲ့သည်။

အသက်၅၀အရွယ်ရမ်သည် China Development Bank တွင်၁၉နှစ်ကြာအလုပ်လုပ်ခဲ့ပြီးစက်ကိရိယာနှင် ့အီလက်ထရွန်းနစ်စီမံကိန်းများအတွက် ချေးငွေနှင့် ရင်းနှီးမြှုပ်နှံမှု များကိုပြန်လည်သုံးသပ်မ ှုအပိုင်းတွင်တာဝန်ယူခဲ့ရသည်။

ဘဏ်တွင်တာဝန်ထမ်းဆောင်စဉ်အတွင်းပေါင်းစပ်ပတ်လမ်းစက်မှုလုပ်ငန်းအတွက်ချေးငွေယွမ်၃၀ဘီလီယံ (ဒေါ်လာ၄ဒသမ၃ဘီလီယံ) ကျော်ကိုပြန်လည်သုံးသပ်ပြီးထုတ်ပေးသည့်အဖွဲ့ကိုဦးဆောင်ခဲ့ကြောင်းNikkie Asia ကဖော်ပြခဲ့သည်။

ဇူလိုင်လတွင်တရုတ်အာဏာပိုင်များကကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး၏တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့်ဒစ်ဂျစ် တယ်နည်းပညာကဏ္ဍများကိုကိုင်တွယ်ရန်တာဝန်ရှိသောအကြီးတန်းအစိုးရဝန်ကြီးတစ်ဦးအားစုံစမ်းဖော်ထုတ်ခဲ့သည်။

တရုတ်အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးစုံစမ်းစစ်ဆေးသူများသည်ရှောင်ယာချင်အားစည်းကမ်းနှင့်ဥပဒေချိုး ဖောက်သည်ဟုသံသယရှိပြီးနောက်စုံစမ်းစစ်ဆေးမှုများစတင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required