တရုတ်အရပ်သားဒရုန်းများက လှည့်စားသည့် နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုကို ထိုင်ဝမ်စစ်တပ်ကြုံတွေ့နေရ

တရုတ်အရပ်သားဒရုန်းများက လှည့်စားသည့် နောက်ထပ် ခြိမ်းခြောက်မှု တစ်ခုကို ထိုင်ဝမ်စစ်တပ်ကြုံတွေ့နေရ

တရုတ်အရပ်သားဒရုန်းများက လှည့်စားသည့် ခြိမ်းခြောက်မှုအသစ်တစ်ခု ထိုင်ဝမ်စစ်တပ်ကြုံတွေ့နေရသည်။ 

ယင်းတို့သည်အနီးနားရှိထိုင်ဝမ်ထိန်းချုပ်ထားသောကင်းမန်းကျွန်းရှိစစ်ဘက်ဆိုင်ရာနေရာတစ်ခုသို့ဒရုန်းများဖြင့်ပျံသန်းနေကြသည်။

တရုတ်လူမှုမီဒီယာ Weibo တွင်မကြာသေးမီကထွက်ပေါ်လာခဲ့ပြီး ထိုင်ဝမ်စစ်တပ်ကို လှည့်စားနေသည့် အရပ်ဘက်အဆင့်ဒရုန်းများဖြစ်ကြောင် းဖော်ပြသည့်၁၅စက္ကန့်ကြာဗီဒီယိုကလစ်သည် ဗီဒီယိုဖိုင်များထဲမှ တစ်ခုဖြစ်သည်။

အဆိုပါလျှို့ဝှက်ဆန်းကြယ်သောအန္တရာယ်များသည်တရုတ်အရပ်ဘက်မောင်းသူမဲ့လေယာဉ်များဖြစ်ကြောင်း နောက်ပိုင်းတွင်ထိုင်ဝမ်စစ်တပ်ကအတည်ပြုခဲ့သည်ဟု  CNN ကဖော်ပြခဲ့သည်။

ထိုင်ဝမ်၏အစွန်အဖျားကင်းမန်းကျွန်းများတွင်ဒရုန်းများကရိုက်ကူးထားသည့်စစ်ရေးတပ်ဆင်မှုများနှင့် အမှုထမ်းများ၏ အသေးစိတ်အချက်အလက်များကိုဗီဒီယိုများတွင် ပြသထားသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီသည်လူဦးရေ၂၄သန်းနီးပါးရှိကာဒီမိုကရေစီစနစ်ဖြင့်ကိုယ်ပိုင် အုပ်ချုပ်နေသည့်ထိုင်ဝမ်သို့အလည်အပတ်ရောက်ရှိပြီးနောက်တင်းမာမှုများမြင့်တက်နေစဉ် ဒရုန်းဖြင့် ကျူးကျော်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း CNN သတင်းဌာနကဖော်ပြခဲ့သည်။
 
ထိုင်ဝမ်ကိုခြိမ်းခြောက်ရန်တရုတ်၏ "မီးခိုးရောင်ဇုန်" စစ်ပွဲနည်းဗျူဟာတွင်ရှေ့တန်းမျက်နှာစာ အသစ်ဖြစ်လာသည့် မောင်းသူမဲ့လေယာဉ်များ၏ ကျုးကျော်မှုများက နောက်ဆုံးဖြစ်ပေါ်နေသည့်ဖိအားတိုးမြှင့် ပေးလာမှုများဖြစ်ကြောင်း ထိုင်ဝမ်သမ္မတချိုက်အင်ဝမ်က ပြောကြားလိုက်သည်။

စက်တင်ဘာ၁ရက်တွင်ထိုင်ဝမ်ကကိုယ့်ကိုယ်ကိုယ်ကာကွယ်ခွင့်ရှိကြောင်းသတိပေးခဲ့ပြီးနောက်မောင်းသူမဲ့ လေယာဉ်တစ်စင်းကိုပထမဆုံးအကြိမ်ပစ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required