တရုတ်က နျူကလီးယားအင်အားကို တိုးချဲ့နေခြင်းသည် လက်နက်လျှော့ချရေး အစီအစဉ်နှင့် ကိုက်ညီမှု မရှိကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးသတိပေး

တရုတ်က နျူကလီးယားအင်အားကို တိုးချဲ့နေခြင်းသည် လက်နက်လျှော့ချရေး အစီအစဉ်နှင့် ကိုက်ညီမှု မရှိကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးသတိပေး

တရုတ်က အမေရိကန်နှင့် ယင်း၏ဒေသတွင်းမဟာမိတ်များအပေါ်ရန်လိုသည့် အနေအထားကို မကြာသေးမီနှစ်များအတွင်း အရှိန်မြှင့်ခဲ့သည်။ 

တရုတ်၏ နျူကလီးယားလက်နက်တိုက်ကိုတိုးချဲ့နေခြင်းကို အမေရိကန်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက သတိပေးခဲ့ပြီး နျူလက်နက်အနည်းဆုံးသတ်မှတ်ချက်သို့ လျှော့ချဟန့်တားရေးအစီအစဉ်နှင့် မကိုက်ညီကြောင်း ထပ်လောင်းပြောကြားလိုက်သည်။

အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီးအန်တိုနီကော့တွန်သည် အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီ ရှေ့မှောက်ကြားနာမှုတွင် ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်းဖြစ်သည်။

အမေရိကန်မဟာဗျူဟာကွပ်ကဲမှုဌာနချုပ်ကို ဦးဆောင်ရန် ယင်း၏အမည်စာရင်းတင်သွင်းမှုကို ပြန်လည်သုံးသပ်နေသည့် လွှတ်တော်အမတ်များနှင့်တွေ့ဆုံရာတွင်ရာတွင် ဗိုလ်ချုပ်ကြီးက တရုတ်နျူကလီးယားလက်နက်ဆိုင်ရာအကဲဖြတ်မှုမှာ၂၀၁၈ခုနှစ်ကတည်းကသိသိသာသာပြောင်းလဲသွားခဲ့ ကြောင်း ပြောကြားခဲ့သည်ဟု ဝါရှင်တန်ပို့စ်သတင်းတွင်ဖော်ပြထားသည်။

အစောပိုင်းတွင်တရုတ်အား " နျူလက်နက်အနည်းဆုံးသတ်မှတ်ချက်အတိုင်းထားရှိ ဟန့်တားရေးအစီအစဉ်" အတွက်လိုအပ်သည်ဟု ဆုံးဖြတ်ခဲ့ပြီး ပင်တဂွန်၏ နျူကလီးယားအနေအထားကို ပြန်လည်သုံးသပ်ခြင်းအရ တရုတ်ရည်မှန်းချက်များမှာ "ဒေသတွင်းလွှမ်းမိုးမှု" ကိုအာရုံစိုက်ထားကြောင်း အဆိုပါ သတင်းတွင် ဖော်ပြခဲ့သည်။

ဗိုလ်ချုပ်ကြီးသည် အမေရိကန်စစ်တပ်၏နျူကလီးယားလက်နက်တိုက်နှင့် ဒုံးကျည်ကာကွယ်ရေး စစ်ဆင်ရေးများ ကိုလွှဲပြောင်းရယူရန်အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ အမည်စာရင်းတင်သွင်းခံရခြင်းအတွက် ထိုက်တန်သူ တစ်ဦးဖြစ်သည်။

နျူကလီးယားအင်အားကြီး နိုင်ငံအဖြစ်တရုတ်က ကြီးထွားလာမှုကလက်ရှိ မူဝါဒများကိုပြန်လည် အကဲ ဖြတ်ရန်လိုအပ်သည့် သမိုင်းဝင်ခြိမ်းခြောက်မှုများနှင့် စိန်ခေါ်မှုများဖြစ်ကြောင်း စက်တင်ဘာ၁၅ရက်တွင် ဗိုလ်ချုပ်ကြီးက သတိပေးခဲ့သည်။

သမိုင်းကြောင်းအရ စစ်အေးခေတ်စူပါပါဝါကြီး၂နိုင်ငံကဲ့သို့ တရုတ်သည် လက်နက်တိုက်များကို ပိုင်ဆိုင်ထားခြင်း မရှိသလို ရုရှားနှင့် အလားတူ နျူကလီးယားလက်နက်များပိုင်ဆိုင်ရန် ရည်မှန်းချက်များမရှိဟု အမေရိကန်က ယူဆခဲ့သည်။

"ကျွန်တော်တို့က ၃နိုင်ငံနျူကလီးယား ပြိုင်ဆိုင်မှုခေတ်သစ်ကို ရောက်ရှိနေပြီဆိုတာကို လေးလေးနက်နက်စဉ်းစားဖို့ လိုပါတယ်" ဟုကော်မတီဥက္ကဋ္ဌရို့အိုင်းလန်ဒီမိုကရက်တစ်အထက်လွှတ်တော်အမတ်ဂျက်ရိကကော်တွန်အားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly