ကုလသမဂ္ဂတွင် ထိုင်ဝမ်ပါဝင်ရေး မဟာမိတ်များ တောင်းဆို

By Taipei Times
21 September 2022
ကုလသမဂ္ဂတွင် ထိုင်ဝမ်ပါဝင်ရေး မဟာမိတ်များ တောင်းဆို

ထိုင်ဝမ်၏ သံတမန် မဟာမိတ် ၃ ဖွဲ့က ကုလသမဂ္ဂတွင် ထိုင်ဝမ်ပါဝင်နိုင်ရေးအတွက် ကုလသမဂ္ဂ အထွေအထွေ ညီလာခံ၌ စက်တင်ဘာ ၂၀ ရက်က တောင်းဆိုလိုက်သည်။

ပါရာဂွေး၊ မာရှယ်ကျွန်းများနှင့် ဂွါတီမာလာ ခေါင်းဆောင်များသည် အထွေထွေညီလာခံ ပထမနေ့တွင် ယခုကဲ့သို့ တောင်းဆိုခဲ့ကြခြင်းဖြစ်သည်။

ပါရာဂွေးသမ္မတ မာရီယိုဘန်နီတက်က ကမ္ဘာတစ်ဝန်းရှိ မိတ်ဖက်အဖွဲ့အစည်းများသည် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေးပူးပေါင်းရန် လိုအပ်ကြောင်း ပြောသည်။

 “ကုလသမဂ္ဂအဖွဲ့မှာ ထိုင်ဝမ်ပါဝင်နိုင်ရေးတောင်းဆိုမှုကို ထောက်ခံတယ်ဆိုတာ ထပ်လောင်းပြောကြားပါတယ်။

 “ထိုင်ဝမ်နဲ့ပြည်သူတွေကို ကျွန်တော်တို့ ကမ္ဘာ့မိသားစုထဲ ကြိုဆိုဖို့ ကုလသမဂ္ဂကို တောင်းဆိုပါတယ်’ ဟု ၎င်းက ပြောသည်။

ထိုင်ဝမ်အစိုးရရ ၎င်း၏ သံတမန်မဟာမိတ်နှင့် စိတ်တူကိုယ်တူ နိုင်ငံ ၁၄ နိုင်ငံအား ကုလသမဂ္ဂ အထွေထွေညီလာခံတွင် တင်ပြခြင်းဖြင့်ဖြစ်စေ အထွေအထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်အား စာရေးသားပေးပို့ခြင်းဖြင့်ဖြစ်စေ ကုလသမဂ္ဂတွင် ထိုင်ဝမ်ပါဝင်ရေးတောင်းဆိုရန် မေတ္တာရပ်ခံခဲ့သည်။

ကုလသမဂ္ဂသည် တရုတ်အား ကိုယ်စားပြုနိုင်ငံအဖြစ် သတ်မှတ်လိုက်သည့် ၁၉၇၁ ခုနှစ်တွင် ထိုင်ဝမ်သည် ကုလသမဂ္ဂအဖွဲ့မှ ထုတ်ပယ်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required