အိမ်ဈေး၊အရောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကျဆင်းလာခြင်းကြောင့် တရုတ်အိမ်ခြံမြေပြဿနာများ သြဂုတ်လတွင် ပိုမိုဆိုးရွားခဲ့

အိမ်ဈေး၊အရောင်းနှင့် ရင်းနှီးမြှုပ်နှံမှုများကျဆင်းလာခြင်းကြောင့် တရုတ်အိမ်ခြံမြေပြဿနာများ သြဂုတ်လတွင် ပိုမိုဆိုးရွားခဲ့

အိမ်ဈေး၊အရောင်းနှင့်ရင်းနှီးမြှုပ်နှံမှုများ ဩဂုတ်လတွင် ကျဆင်းသွားကြောင်း တရားဝင်အချက်အလက်များက ဖော်ပြနေသဖြင့်တရုတ်အိမ်ခြံမြေဈေးကွက်တွင်အကျပ်အတည်းများဩဂုတ်လတွင်ပိုမိုဆိုးရွားလာကာ အိမ်ရာ ချေးငွေမပေးသွင်းရေးသပိတ်မှောက်မှုနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းဖော်ဆောင်သူများ၏ဘဏ္ဍာရေးဆိုင်ရာ ပြဿနာ များကြောင့် ယင်းကဏ္ဍအပေါ် ယုံကြည်မှုကို ပိုမိုထိခိုက်လာသည်။
 
ဩဂုတ်လတွင်လအလိုက်အိမ်ဈေးနှုန်းအသစ်များကျဆင်းလာကာဝဒသမ၃ရာခိုင်နှုန်းကျဆင်းသွားကြောင်း နိုင်ငံတော် စာရင်းအင်းဗျူရို (NBS) မှ အချက်အလက်များကို အခြေခံ၍ ရိုက်တာက တွက်ချက်ခဲ့ပြီး အကြွေး လည်ပင်းနစ်နေသောကုမ္ပဏီများ၏အခန်းအပ်မှုနှေးကွေးနေသည့်ချိန်တွင်မြို့ငယ်များတွင်ဝယ်လိုအားကျဆင်း သွားကြောင်းဖော်ပြနေသည်။ . ဈေးနှုန်းများသည်ဇွန်လနှင့်ဇူလိုင်လများတွင်ပြောင်းလဲခြင်းမရှိပေ။
 
ပို၍သိသာထင်ရှားသည်မှာ၊ဈေးနှုန်းများသည်နှစ်အလိုက်ကျဆင်းသွားခြင်းကဩဂုတ်လသည်၄လမြောက်ဖြစ်ပြီးဇူလိုင်လတွင်ဈေးနှုန်းများ ၁ဒသမ၃ရာခိုင်နှုန်းကျဆင်းသွားက ာ၇နှစ်အတွင်းအမြန်ဆန်ဆုံးဖြစ်ပြီး ရေရှည် အိမ်ဝယ်သူများက မနှစ်သက်ကြကြောင်းဖော်ပြနေသည်။

ရုန်းကန်နေရသောအိမ်ခြံမြေကဏ္ဍသည်ကျယ်ပြန့်သောကိုဗစ်-၁၉ပိတ်ဆို့ ကန့်သတ်မှုများကြောင့် ဒုတိယ သုံးလပတ်တွင် စီးပွားရေးတိုးတက်မှု ကျဆင်းသွားခြင်းဟူသည့် သတ်မှတ်ချက်ကို အနည်းငယ်ကပ်လွဲခဲ့ရပြီး ကမ္ဘာ့ဒုတိယ အကြီးဆုံးစီးပွားရေးအလာအလားနှင့်ပတ်သက်ပြီးယင်းကဏ္ဍသည် တရုတ်အပေါ်ဖိအား ကျရောက်နေသည်။

တစ်ချိန်က စီးပွားရေးတိုးတက်မှု၏ အဓိကမောင်းနှင်အားတစ်ခုဖြစ်သည့်အဆိုပါကဏ္ဍသည် စည်းကမ်း ထိန်းသူများက ဖွံ့ဖြိုးရေးလုပ်ငန်းဖော်ဆောင်သူများ၏ အပိုကြွေးမြီများကို လျော့ချရန် ကြိုးပမ်းလာ ပြီးနောက်၂၀၂ဝပြည့်နှစ်ကတည်းကအကျပ်အတည်းတစ်ခုပြီးတစ်ခု ဆိုက်လာခဲ့သည်။

အာဏာပိုင်များသည်၂၀၂၂ခုနှစ်အတွင်းအိမ်ဝယ်ယူမှုအပေါ်စည်းမျဉ်းစည်းကမ်းလျှော့ပေါ့ပေးခြင်း၊အတိုးနှုန်း လျှော့ပေးခြင်း၊ အိမ်ရာချေးငွေအတိုးနှုန်းများဖြတ်တောက်ခြင်းနှင့်အိမ်ရောင်းဈေးကို ပိုမိုလျှော့ချခြင်းတို့ အပါအဝင် အဆိုပါကဏ္ဍကိုမြှင့်တင်ရန်အာဏာပိုင်များကလုပ်ဆောင်ခဲ့သည်။

 အာဏာပိုင်များကယခုနှစ်အတွင်းအဆိုပါကဏ္ဍကိုမြှင့်တင်ရန်အစီအမံများဆက်တိုက်လုပ်ဆောင်နေသော်လည်း ရိုက်တာစစ်တမ်းတွင် လေ့လာသုံးသပ်သူများက ပိုမိုပြုလုပ်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

 စက်တင်ဘာ၁၆ရက်တွင် စာရင်းအင်းဗျူရိုမှသီးခြားရရှိသော အချက်အလက်များအရ ဩဂုတ်လတွင် အိမ်ခြံမြေရောင်းအား ၁၃လ ဆက်တိုက်ကျဆင်းသွားသည်ကို ဖော်ပြခဲ့ပြီးဝယ်ယူလိုစိတ်များကိုမြှင့်တင်ရန် အထောက်အကူမပြုခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly