တရုတ်ချေးငွေကြောင့်ဖြစ်ပေါ်လာသော သီရိလင်္ကာအကျပ်အတည်းက နိုင်ငံတကာအသိုင်းအဝိုင်းအတွက် သတိပေးချက်တစ်ခုဖြစ်လာ 

တရုတ်ချေးငွေကြောင့်ဖြစ်ပေါ်လာသော သီရိလင်္ကာအကျပ်အတည်းက နိုင်ငံတကာအသိုင်းအဝိုင်းအတွက် သတိပေးချက်တစ်ခုဖြစ်လာ 

နိုင်ငံတွင်းမကြုံစဖူးသောစီးပွားရေးနှင့်လူမှုရေးအကျပ်အတည်းက BRI ကြွေးမြီထောင်ချောက်က နိုင်ငံကို မည်ကဲ့သို့ ဖျက်ဆီးလိုက်သည်ကို ဖော်ပြလျက်ရှိပြီး သီရိလင်္ကာက တရုတ်ကြွေးမြီထောင်ခြောက် သံခင်းတမန်ခင်း၏ သားကောင်းအဖြစ် ကျရောက်ခဲ့ရကြောင်း ထင်ရှားသည့် ဥပမာအဖြစ်ထွက်ပေါ်လာချိန်တွင် သီရိလင်္ကာ၏စီးပွားရေးအကျပ်အတည်းသည်နိုင်ငံတကာအသိုင်းအဝိုင်းအတွက်နှိုးဆော်မှုတစ်ခုဖြစ်လာသည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်း (BRI) မှတစ်ဆင့်တရုတ်ကပေးအပ်ထားသောစီးပွားရေးအရတွက်ခြေမကိုက်သော အခြေခံအဆောက်အအုံ စီမံကိန်း များအတွက်သွင်းကုန်နှင့်ချေးငွေအပေါ်မှီခိုနေရခြင်းကြောင့်သီရိလင်္ကာသည် ခက်ခဲသောကာလကို ဖြတ်သန်း နေရပြီးအာရှနှင့်အာဖရိကရှိအခြားနိုင်ငံအများအပြားသည်လည်းပြိုလဲလုနီးနီး ဖြစ်နေကြောင်း ဥရောပအာရှဖောင်ဒေးရှင်း၏အစီရင်ခံစာတွင်ဖော်ပြထားသည်။

ဥပမာ ဇမ်ဘီယာတွင်လေဆိပ်သစ်၊ခေတ်မီအားကစားကွင်း၂ခုနှင့်ဓာတ်အားပေးစက်ရုံကဲ့သို့သော BRI စီမံကိန်းများစွာရှိခြင်းကယင်းတို့သည်အကြွေးအလွန်အကျွံအခြေအနေကိုဖော်ပြနေသည်ဟုဆိုလိုသည်။

BRI မှတစ်ဆင့်တရုတ်ကတရုတ်စံနှုန်းများ၊သတ်မှတ်ချက်များ၊ဝိသေသလက္ခဏာများနှင့်အတူကမ္ဘာတစ်ဝန်းတွင် သြဇာလွှမ်းမိုးရေးကိုမျက်စိကျနေခဲ့ပြီးအကျိုးဆက်အနေဖြင့်အကြွေးတင်နေသောနိုင်ငံများ၏တရုတ်အပေါ်မှီခိုအားထားမှုသည်ပို၍ကြီးမားလာနေကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးနှင့်ဥရောပပါလီမန်အဖွဲ့ဝင်ဟောင်းဂျိုလေနန်ကဥရောပအာရှဖောင်ဒေးရှင်း၏အစီရင်ခံစာတွင်ရေးသားထားသည်။
 
ဆင်းရဲသောနိုင်ငံပေါင်း၆၀ခန့်သည်ယင်းတို့၏ဘဏ္ဍာရေးကတိကဝတ်များကိုမလိုက်နာနိုင်ကြဘဲ တရုတ်အကြွေး အများအပြားတင်နေကြသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။
 ထို့ပြင်မူဝါဒများမှတစ်ဆင့်အကြွေးတင်နေသည့်နိုင်ငံများအတွက်မည်သို့ဆောင်ရွက်ပေးရန်နှင့်အကူအညီပေးရန်အရေးပေါ်အစီအစဉ်များကိုလုပ်ဆောင်ရန်နိုင်ငံတကာအသိုင်းအဝိုင်းကြားတွင်အချက်ပေးခေါင်းလောင်းသံများ ထွက်ပေါ်လာခဲ့ကြောင်းဥရောပအာရှဖောင်ဒေးရှင်းကဆိုသည်။

IMF နှင့် ဆွေးနွေးမှုတွင်သီရိလင်္ကာက ကြွေးမြီများကို ပြန်လည်ဖွဲ့စည်းရန် ပိုမိုကောင်းမွန်သော ခြေလှမ်းများ လုပ်ဆောင်ရန်ပျက်ကွက်ခြင်းကြောင့်တရုတ်ကြွေးမြီထောင်ချောက်သံခင်းတမန်ခင်းသည်သီရိလင်္ကာ၏မကြုံစဖူးစီးပွားရေးအကျပ်အတည်း၏အဓိကအကြောင်းရင်းဖြစ်လာခဲ့သည်။

တရုတ်သည်သီရိလင်္ကာ၏အကြီးမားဆုံးမြီရှင်ဖြစ်လာပြီးနိုင်ငံခြားကြွေးမြီစုစုပေါင်း၏၁၀ရာခိုင်နှုန်းခန့်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly