ယူကရိန်းစစ်ပွဲဘေးထွက်ဆိုးကျိုးအဖြစ် တရုတ်က ရုရှားနှင့်ဆက်ဆံရေးကို ပါးနပ်စွာ ပြောင်းလဲလာ

ယူကရိန်းစစ်ပွဲဘေးထွက်ဆိုးကျိုးအဖြစ် တရုတ်က ရုရှားနှင့်ဆက်ဆံရေးကို ပါးနပ်စွာ ပြောင်းလဲလာ

ယူကရိန်းစစ်ပွဲ ဆက်လက်ဖြစ်ပွားနေချိန်တွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ ရုရှားအပေါ် သိမ်မွေ့ ပါးနပ်စွာ ပြောင်းလဲသွားခဲ့ပြီး တရုတ်သည် ကမ္ဘာလုံးဆိုင်ရာစည်းမျဉ်း၏ ဆင့်ကဲဖြစ်စဉ်ကို လမ်းကြောင်းလွှဲရန် သေချာ ပေါက် ဆန္ဒရှိနေဆဲဖြစ်သော်လည်း ယခုအချိန်တွင် ရုရှားနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်းကို  ပေါ်ပေါ်ထင်ထင် မဖြစ်စေရန် ဆုံးဖြတ်ထားသည်ဟု The Diplomat က ဖော်ပြသည်။

သို့သော် လက်ရှိနိုင်ငံတကာစံနစ်ကို ပြန်လည်ပုံဖော်ရန် ရုရှားနှင့် ပူးပေါင်းလုပ်ဆောင်နေကြောင်း အတိအလင်း မဖော်ပြသလိုရုရှားနှင့် မိတ်ဖက်ဆက်ဆံမှုသည် တရုတ်အတွက် ၎င်း၏မဟာမိတ်ကို အမှန်တကယ် မစွန့်လွှတ် နိုင်လောက်အောင် အရေးကြီးလွန်းသည်ကို မမေ့သင့်ဟုThe Diplomat၌ရေးသားထားသည်။

ဥပမာအားဖြင့် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဇွန်လ ၁၅ ရက်က ဖုန်းခေါ်ဆို မှုတွင် "နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်ဖြင့် ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှု” နှင့်ပတ်သက်၍  ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးခဲ့ကြသည်။ 

"တရုတ်က ရုရှားနဲ့ လက်တွဲပြီး အဓိကနိုင်ငံတွေအဖြစ် တာဝန်တွေကို ကျေပွန်အောင်လုပ်ဆောင်သွားမှာ ဖြစ်သလို ပြောင်းလဲပြီး အစီအစဉ်မကျတဲ့ ကမ္ဘာကြီးထဲ တည်ငြိမ်မှုတွေ ယူဆောင်လာဖို့ အဓိကအခန်းကဏ္ဍကနေ ပါဝင်သွားမှာပါ” ဟု ရှီ၏ ပါးနပ်သော ဝေဖန်ချက်ကို တွေ့မြင်နိုင်သည်။

ရှီက ရုရှားသည် လက်ရှိအချိန်တွင် အဓိကနိုင်ငံအဖြစ် ၎င်းတာဝန်များကို ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသလို  ကမ္ဘာ့ တည်ငြိမ်ရေးအတွက်လည်း ကူညီပေးနိုင်ခြင်းမရှိကြောင်း သွယ်ဝိုက်ပြောဆိုလိုက်ခြင်းဖြစ်နိုင်သည်ဟု ဖော်ပြထား သည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအစည်းအဝေးမတိုင်မီ ရှီနှင့်ပူတင်တို့သည် ဖေဖော်ဝါရီ ၄ ရက်တွင် ကျင်းပသော ပေကျင်းဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား၌ လက်ဆွဲနှုတ်ဆက်ခဲ့ကြပြီး နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ အတိုင်းအဆမရှိကြောင်း ပူးတွဲထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
ယအခုအခါ အခြေအနေမှာ ပြောင်းလဲသွားပြီဖြစ်သည်။ တရုတ်နှင့်ရုရှားသည် ကမ္ဘာ့စည်းမျဉ်းများကို ၎င်းတို့စိတ်ကြိုက် ပြန်လည်ပုံဖော်ရန် ပူးပေါင်းအားထုတ်နေမှုကြောင်း အတိအလင်းဖော်ပြရန် ရှီက ရှောင်ဖယ်နေသည်။

အလားတူပင် စက်တင်ဘာ ၁၅ ရက်က ကျင်းပသည့် SCO အစည်းအဝေးသည် တရုတ်နှင့် ရုရှားအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအတွက် နှုတ်ဆိတ်နေကြသည်။ ရှီသည် နှစ်နိုင်ငံအကြား "ထိရောက်သော မဟာဗျူဟာမြောက် ဆက်သွယ်မှု" ကို အသိအမှတ်ပြုသော်လည်း

ရုရှားနှင့် မဟာဗျူဟာမြောက် ညှိနှိုင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ဇွန်လက ပြောကြားခဲ့သည့် ကတိကဝတ်မှာ ပြောင်းလဲလာသည်။ 

ယင်းအစား ရှီသည် ယခုသီတင်းပတ် အစည်းအဝေးတွင် အားကစားဖလှယ်မှုနှင့် ပြည်သူအချင်းချင်း ဆက်ဆံရေးကဲ့သို့သော ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်များကို ပိုမိုအလေးထားပြောကြားခဲ့သည်။ တရုတ်သည် ကုန်သွယ်မှု၊ စိုက်ပျိုးရေး၊ ချိတ်ဆက်မှုနှင့် အခြားနယ်ပယ်များတွင် နက်နက်ရှိုင်းရှိုင်း  ပူးတွဲလုပ်ဆောင်ကာ ကျန်ကဏ္ဍများကို လုပ်ဆောင်ရန်လည်း စိတ်ကူးရှိကြောင်း ရှီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly