ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ကာဇက်စတန်အစိုးရက အိန္ဒိယဝန်ကြီးချုပ်ကို ဖိတ်ကြား

ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲသို့ ကာဇက်စတန်အစိုးရက အိန္ဒိယဝန်ကြီးချုပ်ကို ဖိတ်ကြား

ကာဇက်စတန်အစိုးရက အက်စ်တာနာမြို့တော်တွင် အောက်တိုဘာ ၁၂ နှင့် ၁၃ ရက်တို့၌ ကျင်းပမည့် ‘အာရှဒေသတွင် ယုံကြည်မှု တည်ဆောက်ရေး ဆောင်ရွက်ချက်များနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး (CICA)’ ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲသို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီအား ဖိတ်ကြားထားသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆွေးနွေးပွဲအပြီး မကြာမီ ကျင်းပမည့် ယခုဆွေးနွေးပွဲသည် ဗဟိုအာရှနိုင်ငံများအနေဖြင့် အိန္ဒိယနှင့် ဆက်ဆံရေး ပိုမိုတိုးချဲ့နိုင်မည့် အခွင့်အလမ်းတစ်ခုကို ရရှိစေမည်ဖြစ်သည်။

“CICA ရဲ့ နှစ် ၃၀ ပြည့်မှာ ကျင်းပမယ့် ဒီထိပ်သီးဆွေးနွေးပွဲကို ဝန်ကြီးချုပ် မိုဒီအပါအဝင် အဖွဲ့ဝင်နဲ့ လေ့လာသူ နိုင်ငံများအားလုံးကို ဖိတ်ကြားထားပါတယ်။ မျက်မှောက်ခေတ် စိန်ခေါ်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင် ဖြေရှင်းရာမှာ  ဒေသတွင်းက နိုင်ငံတွေနဲ့ ကမ္ဘာ့အသိုင်းအဝိုင်းတို့အကြား ဆက်လက်ခိုင်မာ အားကောင်း စေရေးအတွက် အရေးကြီးတဲ့ မှတ်တိုင်တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ကာဇက်စတန်အစိုးရ အရာရှိတစ်ဦးက The Economic Times သတင်းဌာနသို့ ပြောကြားသည်။

၂၀၀၂ ခုနှစ် ဇူလိုင်လအတွင်းက ကာဇက်စတန်တွင် ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် CICA ဆွေးနွေးပွဲသို့ ထိုစဉ်က အိန္ဒိယဝန်ကြီးချုပ် အာတယ်ဘီဟာရီဝါဂျပါရီ တက်ရောက်ခဲ့သည်။ ထိုစဉ်က ကာဇက်စတန်မြို့တော်ကို နာစူလတန်မှ အက်စ်တာနာသို့ ပြောင်းလဲသတ်မှတ်ခဲ့သည့် အမိန့်ဂရီတစ်ရက်ကို ထုတ်ပြန်ခဲ့သည်။

၁၉၉၁ ခုနှစ်တွင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကာဇက်စတန်နိုင်ငံနှင့် ဗဟိုအာရှဒေသ တစ်ခုလုံးကို နိုင်ငံတကာ အသိုင်းအဝန်းက ပိုမို စိတ်ဝင်စားမှုရှိလာသည်။ ကာဇက်စတန်သည် ဒေသတွင်း အကြီးဆုံးနှင့် ရင်းမြစ်အကြွယ်ဝဆုံး နိုင်ငံဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required