ဖားကန့်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနှင့် စစ်ကောင်စီ အမြစ်ဖြတ် ချေမှုန်းရေး ချီတက်သပိတ်မှောက်

ဖားကန့်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံကြောင်းနှင့် စစ်ကောင်စီ အမြစ်ဖြတ် ချေမှုန်းရေး ချီတက်သပိတ်မှောက်

မဇ္ဈိမ။ ။ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း ၊ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ကိုထောက်ခံခြင်းနှင့် အကြမ်း ဖက်စစ်ကောင်စီအမြစ်ဖြတ် ချေမှုန်းရေးသပိတ်ကို ယနေ့ စက်တင်ဘာလ ၂၂ ရက် နေ့က ပြုလုပ်ခဲ့သည်။

ဆန္ဒပြ ပြည်သူများသည် “အမှန်တရားဘက်က ရပ်တည်နေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံပါတယ်။ KIA ၊ PDF တိုက်ပွဲတိုင်းမှာနိုင်ပါစေ။ NUG အစိုးရ ဒို့အစိုးရ ၊ လူသတ် အကြမ်းဖက် စစ်ကောင်စီ လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ အင်တာနက်ဖြတ်တဲ့ မင်းအောင်လှိုင်အဖွဲ့ အသေဆိုး နဲ့သေပါစေ။ စစ်ခွေးတွေကိုချေ မှုန်းဖို့ KIA ၊ PDF ချီတက်လာပြီ။ ဖက်ဒရယ်ပြည်ထောင်စုနှင့် ဖက်ဒရယ် တပ်မတော် ပေါ်ပေါက်ရေး ဒို့အရေး ၊ တော်လှန်ရေး အမြန်အောင်ဖို့ ပြည်သူအားလုံး ဝိုင်းဝန်းပါဝင်စို့။ ဖမ်းဆီးထားသော နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူများ ချက်ချင်းလွတ်၊ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်၊ နွေဦးတော်လှန်ရေး အရေးတော်ပုံအောင်ကိုအောင်ရမည်” စသည့် ကြွေးကြော်သံများဖြင့် ချီတက်သပိတ် မှောက်ခဲ့ကြသည်။

စာတည်း။ ။မောင်ကောင်း

#ကချင်ပြည်နယ်

#ဖားကန့်

#ချီတက်သပိတ်မှောက်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly