ရှီကျင့်ဖျင်၏ ကာဇက်စတန် ခရီးစဉ်ကို ကမ္ဘာ့က စောင့်ကြည့်

ရှီကျင့်ဖျင်၏ ကာဇက်စတန် ခရီးစဉ်ကို ကမ္ဘာ့က စောင့်ကြည့်

ကိုဗစ်စဖြစ်ပြီးနောက်ပိုင်း   ပထမဆုံး ပြည်ပခရီးစဉ်ဖြစ်သည့် အိမ်နီးချင်းကာဇက်စတန်သို့ စက်တင်ဘာ ၁၄ရက်က သွားရောက်ရန် စီစဉ်ထားသည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်ကိုအားလုံးက စောင့်ကြည့်ခဲ့ကြသည်။

တရုတ်က "တင်းကြပ်သော ကိုဗစ်-၁၉လုံးဝကင်းစင်ရေး" မူဝါဒအရ နိုင်ငံတကာ ခရီးသွားလာခွင့်အတွက် နယ်နိမိတ်များကို ပိတ်ထားသည်။

ရှီကျင့်ဖျင် ကာဇက်စတန်သို့ လာရောက်လည်ပတ်မှုနောက်ကွယ်မှ ရည်ရွယ်ချက်အစစ်အမှန်နှင့် ပတ်သက်၍ ကမ္ဘာတစ်ဝန်းရှိ သံတမန်ရေးရာကျွမ်းကျင်သူများက စိတ်ဝင်စားနေကြသည်။

ခရီးစဉ်သည် တရုတ်ကုမ္ပဏီများ၏ အနာဂတ်အလားအလာများကို အကဲဖြတ်ရန်ကြိုးပမ်းမှုအဖြစ် ရှုမြင် ကြပြီး၂၀၂၂ခုနှစ်ဇန်နဝါရီလတွင်မငြိမ်မသက်မှုများဖြစ်ပွားခဲ့သည့် ကာဇက်စတန်နှင့်  နိုင်ငံနှင့် နှစ်နိုင်ငံ ကုန်သွယ်ရေး နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက်နယ်ပယ်များပိုမိုရှာဖွေရန် ကြိုးပမ်းမှု အဖြစ်ရှု မြင်ကြသည်။

တရုတ်သည်ကာဇက်စတန်တွင်အကြီးဆုံးနိုင်ငံခြားရင်းနှီးမြှပ်နှံသူများထဲမှတစ်နိုင်ငံဖြစ်သည်။ဇန်နဝါရီလကကာဇက်စတန်တွင် ဆန္ဒပြမှုများကြောင့် တရုတ်သို့ရေနံနှင့်သဘာဝဓာတ်ငွေ့တင်ပို့မှုအပေါ် စိုးရိမ်မှုများ ဖြစ်ပွားခဲ့သည်။

 ကာဇတ်အစိုးရကယင်းတို့၏ဘေးကင်းရေးအတွက်သက်ဆိုင်ရာအစီအမံများကိုဆောင်ရွက်ပေးမည်ဟု အာမခံထားသောကြောင့် ဒေသခံတရုတ်ကုမ္ပဏီများက အသင့်ပြင်ဆင်ထားကြောင်း အခိုင်အမာဆိုသည်။

တရုတ်က ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများတွင် အဓိက အာရုံစိုက်ထားသည်။၂၀၁၄ခုနှစ်မတိုင်မီက တရုတ်ရင်းနှီးမြုပ်နှံမှု ပထမအသုတ်၏ အာရုံစိုက်မှုသည် စွမ်းအင်ကဏ္ဍတွင်ဖြစ်သည်။

တရုတ်ဓာတ်ငွေ့တင်သွင်းမှု၏၂၀ရာခိုင်နှုန်းခန့်သည်ကာဇက်စတန်မှဖြစ်သည်။ တရုတ်နှင့်ဥရောပအကြား ကာဇက်စတန်ကို ဖြတ်သန်းသွားလာနေသည့် ရထားဖြင့် တင်ပို့သည့် ပမာဏသည် နှစ်စဉ်သိသိသာသာ တိုးလာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly