ရုရှားပိုင်နယ်အဖြစ်သတ်မှတ်ခဲ့သည့် အလယ်အာရှကို တရုတ်က မျက်စိကျနေ

ရုရှားပိုင်နယ်အဖြစ်သတ်မှတ်ခဲ့သည့် အလယ်အာရှကို တရုတ်က မျက်စိကျနေ

တရုတ်သမ္မတရှီကျင့်ဖျင်သည် ယခုသီတင်းပတ်က အလယ်အာရှနိုင်ငံများသို့ရောက်ရှိစဉ် ကပြဖျော်ဖြေသူများ၊ ဂီတပညာရှင်များနှင့် ဂုဏ်ပြုတပ်ဖွဲ့များဖြင့် သောင်းသောင်းဖြဖြကြိုဆိုခြင်းခံခဲ့ရပြီး ဥဇဘက်ကစ္စတန် ခေါင်းဆောင်က ရှီကျင့်ဖျင်အား ‘အရည်အသွေးအပြည့်စုံဆုံးနိုင်ငံ့ခေါင်းဆောင်’ ဟု ခေါ်ဝေါ်ခဲ့သလို တာ့ခ်မင်နစ္စတန်ခေါင်းဆောင်ကလည်း ‘အမြော်အမြင်ရှိသောခေါင်းဆောင်’ဟု ချီးမွမ်းခဲ့သည်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ယူကရိန်းစစ်ပွဲနှင့်ပတ်သက်၍ တရုတ်၌ မေးခွန်းများနှင့် စိုးရိမ်မှုများ ရှိနေကြောင်းကို အသိအမှတ်ပြုခဲ့ပြီး စက်တင်ဘာ ၁၅ ရက်က ရှီနှင့်တွေ့ဆုံသည့်အစည်းဝေးတွင် တလေးတစား လိုက်လျောကာ ဆက်ဆံနေပုံပေါ်သည်။ 

သို့သော် အင်အားကြီးနိုင်ငံများက လွှမ်းမိုးရန် ကာလရှည်ကြာပြိုင်ဆိုင်ခဲ့ကြသော တစ်ချိန်က ရုရှားပိုင်နက်အဖြစ် မှတ်ယူခဲ့သည့် သယံဇာတပေါကြွယ်သော အလယ်အာရှကို ရှီက ပိုအလေးထားကြောင်း အခမ်းအနားက ပြသခဲ့သည်။ 

 တရုတ်သည် အလယ်အာရှကို နိုင်ငံ၏ကုန်သွယ်ရေးတိုးချဲ့မှု၊ စွမ်းအင်လုံခြုံရေး၊ လူမျိုးရေးတည်ငြိမ်ရေးနှင့် စစ်ရေးကာကွယ်ရေးအတွက် အရေးပါသော နယ်နိမိတ်အဖြစ် ကာလရှည်ကြာ ရှုမြင်ခဲ့သည်။တရုတ်နိုင်ငံသည် ရထားလမ်းများ၊ အဝေးပြေးလမ်းများနှင့် စွမ်းအင်ပိုက်လိုင်းများ တည်ဆောက်ပြီး ဒေသအနှံ့အပြားတွင် ပညာရေးဖလှယ်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

 ယခင်က ဆိုဗီယက်နိုင်ငံများအဖွဲ့ဝင် အလယ်အာရှနိုင်ငံများသည် ရုရှားနှင့် ကားလမ်းနှင့် မီးရထားလိုင်းများဖြင့် ချိတ်ဆက်ထားဆဲဖြစ်သော်လည်း ယခုအခါ ၎င်းတို့၏ ကုန်သွယ်မှုသည် တရုတ်နှင့် ပိုမိုလုပ်ဆောင်လာသည်။

 ယူကရိန်းကျူးကျော်မှုအပြီးတွင် ရုရှားစစ်တပ်၏ ဆက်တိုက်ရှုံးနိမ့်မှုများကြောင့် တရုတ်အတွက် နေရာရလာနိုင်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly