တရုတ်က Boeing Defence နှင့် Raytheon တို့၏ အမှုဆောင်အရာရှိချုပ်များအား ထိုင်ဝမ်ကို လက်နက် ရောင်းချမှုအတွက် ဒဏ်ခတ်ရန် စီစဉ်

တရုတ်က Boeing Defence နှင့် Raytheon တို့၏ အမှုဆောင်အရာရှိချုပ်များအား ထိုင်ဝမ်ကို လက်နက် ရောင်းချမှုအတွက် ဒဏ်ခတ်ရန် စီစဉ်

ထိုင်ဝမ်သို့ နောက်ဆုံးလက်နက်ရောင်းချမှုတွင် ပါဝင်ပတ်သက်သော Boeing Defense နှင့် Raytheon အမေရိကန် ကုမ္ပဏီတို့၏ အမှုဆောင်အရာရှိချုပ် များကို ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၆ ရက်တွင် ပြောသည်။

ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းများရောင်းချမှုကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်တွင် အတည်ပြုလိုက်သည့်အပေါ်တုံ့ပြန်သည့်အနေဖြင့် Boeing Defence, Space, and Security ၏ အမှုဆောင်အရာရှိချုပ်  တက်ကိုးလ်ဘာ့နှင့် Raytheon Technologies အကြီးအကဲ ဂရက်ဂိုရီဟေးစ်တို့ကို အရေးယူခြင်းဖြစ်သည်။

ယင်းရောင်းချမှုတွင် သင်္ဘောဖျက်ဒုံးကျည် အစင်း ၆၀ နှင့် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည် အစင်း ၁၀၀ ပါဝင်ပြီး  ၎င်းတို့တွင် သက်ဆိုင်ရာ အဓိက ကန်ထရိုက်တာများမှာ ဘိုးရင်းကုမ္ပဏီခွဲ Boeing Defenceနှင့် Raytheon ကုမ္ပဏီတို့ဖြစ်သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်နင်းကလက်နက်ရောင်းချမှုတွင် ၎င်းကုမ္ပဏီများ၏ ပါဝင်ပတ်သက်မှုကို ကိုးကားပြောဆိုလျက်တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် လုံခြုံရေး အကျိုးစီးပွားများကို ကာကွယ်ရန်ကိုလ်ဘတ်နှင့် ဟေးစ်တို့ဒဏ်ခတ်အရေးယူမည်ဖြစ်ကြောင်း ပြောသည်။

"ထိုင်ဝမ်နဲ့ အမေရိကန်-ထိုင်ဝမ် စစ်ဘက်အဆက်အသွယ်တွေကို လက်နက်မရောင်းဖို့ အမေရိကန်အစိုးရနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တရုတ်ဘက်က ထပ်မံတိုက်တွန်းလိုက်ပါတယ်" ဟု၎င်းကဆိုသည်။

တရုတ်သည် ယခင်ကလည်း Raytheon၊ Boeing Defenceနှင့် ထိုင်ဝမ်သို့ လက်နက်ရောင်းချမှုတွင် ပါဝင်ပတ်သက်သော ပုဂ္ဂိုလ်များကို ပိတ်ဆို့အရေးယူထားသည်။

စက်တင်ဘာ ၁၆ ရက်ကြေညာချက်သည် အဆိုပါ ကုမ္ပဏီများမှ လူတစ်ဦးချင်းအပေါ် တရုတ်က ပထမဆုံးအကြိမ် အရေးယူပိတ်ဆို့မှုများ ချမှတ်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required