တရုတ်သမ္မတ စက်တင်ဘာ၁၄ရက်မှ၁၆ရက်အထိ အာရှအလယ်ပိုင်းသို့ သွားမည်

တရုတ်သမ္မတ စက်တင်ဘာ၁၄ရက်မှ၁၆ရက်အထိ အာရှအလယ်ပိုင်းသို့ သွားမည်

တရုတ်သမ္မတရှီကျင့်ဖျင်သည် စက်တင်ဘာ၁၄ရက်မှ၁၆ရက်အထိ ကာဇက်စတန်နှင့် ဥဇဘက်ကစ္စတန်သို့ သွားရောက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက စက်တင်ဘာ၈ရက်တွင်ပြောကြားခဲ့ပြီး ကိုဗစ်-၁၉ကြောင့် နယ်စပ်အားလုံးကိုပိတ်ထားပြီးနောက် ၎င်း၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်သည်။ 

အဆိုပါခရီးစဉ်သည် ဥဇဘက်ကစ္စတန်နိုင်ငံ၊ဆမာခန်မြို့၌ပြုလုပ်မည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ၏ ထိပ်သီးအစည်းအဝေးနှင့် တိုက်ဆိုင်နေပြီး ရှီသည်ကာဇတ်သမ္မတတိုကာယက်ဗ်နှင့် ဥဇဘက်ကစ္စတန် သမ္မတ မာဇီယိုယက်ဗ်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖေဖော်ဝါရီလတွင်ယူကရိန်းကိုကျူးကျော်ဝင်ရောက်ခဲ့သေ ာရုရှားနှင့်တရုတ်တို့အကန့်အသတ်မရှိ မိတ်ဖက် ဖွဲ့ခြင်းကြောင့် အနောက်နိုင်ငံများစွာနှင့် ဆက်ဆံရေးတင်းမာနေချိန်တွင် မဟာဗျူဟာမြောက်ဆက်ဆံရေး အလေးထားကြောင်း ယင်းခရီးစဉ်က ဖော်ပြနေသည်။

ရှီသည် SCO ထိပ်သီးအစည်းအဝေးတွင်ပူတင်နှင့်အခြားခေါင်းဆောင်များနှင့်တွေ့ဆုံရန် ဗဟိုအာရှသို့ သွားရောက်ရန်  စဉ်းစားနေကြောင်း အမည်မဖော်သူများကို ကိုးကား၍ Wall Street Journal က သြဂုတ်လတွင် ဖော်ပြခဲ့သည်။

စက်တင်ဘာ၈ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပူတင်ကို ဖော်ပြခြင်းမရှိပေ။

တရုတ်သို့ကိုရိုနာဗိုင်းရပ် ကူးစက်ပျံ့နှံ့မှုနှင့်အတူ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ မကြေညာမီတွင် ရှီ၏ နောက်ဆုံးနိုင်ငံခြားခရီးစဉ်မှာ မြန်မာနိုင်ငံသို့၂၀၂ဝပြည့်နှစ်ဇန်နဝါရီလတွင် သွားရောက်ခဲ့ခြင်းဖြစ်သည်။

သူ၏နောက်ဆုံး ပြည်ပ ခရီးစဉ်မှာ၁၉၉၇ခုနှစ်တွင်ဗြိတိန်လက်မှလွှဲပြောင်းရယူသည့် ၂၅နှစ်မြောက် အထိမ်းအမှတ်ပွဲ တက်ရောက်ရန်ဟောင်ကောင်သို့ ဇွန်၃၀ရက်က သွားရောက်ခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာလလယ်တွင်ရှီသည်အာဏာရကွန်မြူနစ်ပါတီ၏ငါးနှစ်တစ်ကြိမ်ကွန်ဂရက်တွင် လွန်စွာထူးခြားသော တတိယမြောက် ခေါင်းဆောင်မှုသက်တမ်းကို ရရှိရန်များစွာမျှော်လင့်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required