တရုတ်တွင် ကိုဗစ်ကြောင့် ပွဲတော်ကာလ ခရီးသွားလာမှုများ ကျဆင်း

တရုတ်တွင် ကိုဗစ်ကြောင့် ပွဲတော်ကာလ ခရီးသွားလာမှုများ ကျဆင်း

ကိုဗစ်မူဝါဒက ခရီးသွားလာမှုကို အားပေးမှုမရှိခြင်းကြောင့် တရုတ်၏ ၃ ရက်တာ ဆောင်းဦးရာသီ ပွဲတော်ကာလအတွင်း ခရီးသွားအရေအတွက်သည် ၂၀၂၁ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃ ပုံ ၁ ပုံကျော် ကျဆင်း သွားကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြလိုက်သည်။

အားလပ်ရက်ပြီးဆုံးချိန် စက်တင်ဘာလ၁၀ရက်မှ စက်တင်ဘာ၁၂ရက်အထိမိသားစု ပြန်လည်ဆုံဆည်းရန် ပုံမှန်အားဖြင့် ခရီးသွားဦးရေသည် ၆၆ဒသမ၉၆သန်းရှိကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှ ဖော်ပြခဲ့သည်။ 

၂၀၂၁ခုနှစ်ကထက် ကုန်းလမ်းခရီးသွားလာမှု ၄၈ဒသမ၁၈သန်းဖြင့် ၃၇ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သင်္ဘောခရီးသည် ၁ဒသမ၅၄သန်းဖြင့် ၁၅ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

 တရုတ်ပြည်တွင်း ခရီးသွား၁ဒသမ၂၈သန်းခန့်သည်လေကြောင်းခရီးဖြင့်သွားလာခဲ့ကြပြီး၂၀၂၁ခုနှစ် အလားတူ အားလပ်ရက်များထက် ၆၀ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့ကြောင်း CCTV သတင်းတွင် ဖော်ပြထားသည်။

တရုတ်တွင်ကူးစက်မှုများသောအိုမီခရွန်မျိုးကွဲကိုထိန်းချုပ်ရန်တိုက်ပွဲဝင်နေပြီးယင်းပျံ့နှံ့မှုကိုရပ်တန့်ရန် အမိန့် အမျိုးမျိုးဖြင့် ပိတ်ဆို့ကန့်သတ်မှုများ ပြုလုပ်လျက်ရှိသည်။

ဂျပန်အကျိုးဆောင်နှင့် ရင်းနှီးမြှုပ်နှံမှုဘဏ် Nomura က စက်တင်ဘာ၆ရက်အထိ တရုတ်မြို့ကြီး ၄၉မြို့တွင် လူပေါင်း၂၉၁ဒသမ၇သန်းခန့် ထိခိုက်စေခဲ့သည့် ပိတ်ဆို့ကန့်သတ်ခြင်းသို့မဟုတ် ထိန်းချုပ်မှုအဆင့် အမျိုးမျိုး ပြုလုပ်ခဲ့ကြောင်းဆိုသည်။ 

အောက်တိုဘာလအစတွင်တစ်ပတ်ကြာအမျိုးသားနေ့အားလပ်ရက်နှင့် အောက်တိုဘာလ လယ်တွင် ကျင်းပမည့်ကွန်မြူနစ်ပါတီကွန်ဂရက်မတိုင်မီခရီးများထွက်ခြင်းမှရှောင်ကြဉ်ရန်ဒေသအာဏာပိုင်များက ဒေသခံများအားတိုက်တွန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly