ပါကစ္စတန် ဘာလိုချီစတန်တွင် သေနတ်သမားများက လူ ၂ ဦးကို ပစ်သတ်

ပါကစ္စတန် ဘာလိုချီစတန်တွင် သေနတ်သမားများက လူ ၂ ဦးကို ပစ်သတ်

ပါကစ္စတန်နိုင်ငံတစ်ဝန်း အမှုအခင်းဖြစ်ပွားမှု စာရင်းက ဆက်လက် မြင့်တက်လျက် ရှိစဉ် ပြီးခဲ့သည့် စက်တင်ဘာ ၁၂ ရက်က ဘာလိုချီစတန်ပြည်နယ်တွင် သေနတ်သမားများ၏ လက်ချက်ကြောင့် အမျိုးသား ၂ဦး သေဆုံးခဲ့သည်။

အဆိုပါ သေနတ်ပစ်ခတ်မှုဖြစ်စဉ်သည် ဘာလိုချီစတန်ပြည်နယ် မက်စ်တန်မြို့စွန် ခါ့ဒ်ကိုချာ ရွာတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် လက်နက်ကိုင်များက နေအိမ်တစ်လုံးထဲ ချိုးဖျက်ဝင်ရောက်ခဲ့ပြီး  ပစ်ခတ် ခဲ့သည့်အတွက်  ၂ဦး သေဆုံးခဲ့ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

အဆိုပါ ပစ်ခတ်မှုသည် ကွက်တာမြို့ တောင်ဘက် ၆၀ ကီလိုမီတာ အကွာနေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ဒဏ်ရာရသူများကို ခရိုင်ဆေးရုံသို့ အမြန် တင်ပို့ခဲ့ကြောင်း ရဲများက ပြောသည်။

သေနတ်ပစ်ခတ်ခံရမှုကြောင့် သေဆုံးခဲ့သူများသည် မိုဟာမက် ဟူစိန်နှင့် ဘက်ဒဲလ် ခန်းတို့ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ယခုအခါ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတစ်ရပ် လုပ်ဆောင်နေပြီး ရဲများက အမှုဖွင့် စစ်ဆေးနေကာ တိုက်ခိုက်သူသေနတ်သမားများကို လိုက်လံ ရှာဖွေလျက် ရှိသည်။ ပါကစ္စတန်တွင် များမကြာမီက သေနတ်ပစ်ခတ်တိုက်ခိုက်မှုများက ဖြစ်ပွားမှု မြင့်တက်နေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly