ကာတွန်းများဖြင့် အတွေးအခေါ်ရိုက်သွင်းရာတွင် ပူးပေါင်းပါဝင်မှုဖြင့် ဟောင်ကောင်စကားပြောကုထုံးပညာရှင် ၅ဦး ထောင်ချခံရ  

By CAN
15 September 2022
ကာတွန်းများဖြင့် အတွေးအခေါ်ရိုက်သွင်းရာတွင် ပူးပေါင်းပါဝင်မှုဖြင့် ဟောင်ကောင်စကားပြောကုထုံးပညာရှင် ၅ဦး ထောင်ချခံရ  

အစိုးရဆန့်ကျင်သည်ဟုအစိုးရရှေ့နေများကယူဆသည့် သိုးနှင့်ဝံပုလွေဇာတ်ကောင်များပါဝင်သည့် နိုင်ငံတော်အကြည်ညိုပျက်စေရန် ကလေးကာတွန်းစာအုပ်များထုတ်ဝေရန် ပူးပေါင်းကြံစည်မှုဖြင့် စက်တင်ဘာ ၁၀ရက်တွင် ဟောင်ကောင်စကားပြောကုထုံးပညာရှင်၅ဦးကို ထောင်ဒဏ်၁၉လစီ ချမှတ်လိုက်သည်။

၎င်းတို့၅ဦးအား ကိုလိုနီခေတ်၏ နိုင်ငံတော်အကြည်ညိုပျက်စေမှုဥပဒေဖြင့် စက်တင်ဘာ၇ရက်တွင် ပြစ်ဒဏ် ချမှတ်ခဲ့ရာ   ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှအဖြစ်လူ့အခွင့်အရေးလှုပ်ရှားသူများက ရှုတ်ချ ခဲ့သော်လည်း ဟောင်ကောင်အစိုးရက ပယ်ချခဲ့သည်။

စွပ်စွဲမှုဖြစ်စေခဲ့သည့် ကာတွန်း ၃ အုပ်တွင် ဝံပုလွေများကို တိုက်ခိုက်သည့်သိုးများအကြောင်း ရေးသား ထားခြင်းများသည် မတည်မငြိမ်ဖြစ်စေသည့်အချက်များပါဝင်ကြောင်းပြောကြားလျက်တရားခံများသည် “ထုတ်ဝေမှုနှင့်စကားလုံးများကြောင့်မဟုတ်ဘဲယင်းတို့၏ထိခိုက်နစ်နာစေသောသို့မဟုတ်ကလေးများ၏စိတ်ကိုထိခိုက်စေနိုင်သောကြောင့်”အပြစ်ပေးခံရခြင်းဖြစ်ကြောင်းခရိုင်တရားရုံးတရားသူကြီးကော့ခ်ဝေကင်က ပြောကြားခဲ့သည်။

“တရားခံတွေကအသက်လေးနှစ်နဲ့အထက်ကလေးတွေကိုလုပ်ခဲ့တာကတကယ်တော့ ကလေးတွေကို သူတို့ရဲ့ အမြင်နဲ့ တန်ဖိုးထားမှုတွေကို လက်ခံနိုင်အောင်လမ်းညွှန်ပေးမယ့် ဦးနှောက်ဆေးကြောတဲ့ လေ့ကျင့်ခန်း တစ်ခုပါပဲ”ဟုကော့်ခ်ကဆိုသည်။

အသက်၂၆နှစ်မှ၂၉နှစ်ကြားရှ ိလော်ရီလိုင်၊မယ်လိုဒီယန်၊ဆစ်နေငု၊ဆင်မြူရယ်ချန်နှင့် မာကိုဖုန်းတို့သည့် အမျိုးသားလုံခြုံရေးအမှုများကိုစစ်ဆေးရန်ဟောင်ကောင်ခေါင်းဆောင်မှရွေးချယ်ခံခဲ့ရသူများဖြစ်ပြီး ကော့ခ်က ပြစ်ဒဏ်ချမှတ်ခဲ့သည်။

၂၀၁၉ခုနှစ်တွင်ဟောင်ကောင်ဒီမိုကရေစီလိုလားသောဆန္ဒပြမှုများနှင့်တရုတ်ကမ်းခြေစောင့်တပ်၏ ဖမ်းဆီးခံခဲ့ရသည့် ၂၀၂ဝပြည့်နှစ်တွင် ဟောင်ကောင်မှထွက်ပြေးခဲ့သော ဒီမိုကရေစီဆန္ဒပြသူ၁၂ဦး၏ ဖြစ်ရပ်များ အပါအဝင် အဖြစ်အပျက်များကို ယင်းစာအုပ်များတွင် ကိုးကားဖော်ပြထားသည်။

စာအုပ်တစ်အုပ်တွင် ဝံပုလွေများသည်ရွာတစ်ရွာကို သိမ်းပိုက်ပြီး သိုးများကိုစားသောက်လိုသော်လည်း သိုးများက ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required