UN နိုင်ငံတကာအစည်းအဝေးတွင် နစက အစိုးရဖြစ်ကြောင်း မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမှုရရှိကြောင်း သတင်းတုဖြန့်ဝေနေ

UN နိုင်ငံတကာအစည်းအဝေးတွင် နစက အစိုးရဖြစ်ကြောင်း မဲခွဲဆုံးဖြတ်ပြီး ထောက်ခံမှုရရှိကြောင်း သတင်းတုဖြန့်ဝေနေ

စက်တင်ဘာလ ၁၇ ရက်

ကုလသမဂ္ဂ နိုင်ငံတကာ အစည်းအဝေးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) အစိုးရဖြစ်ကြောင်း မဲခွဲဆုံးဖြတ်ပြီး ၁၁၉ မဲဖြင့် ထောက်ခံမှုရရှိခဲ့သည်ဆိုပြီး လူမှုကွန်ရက်တွင်ဖြန့်ဝေနေမှုများရှိသည်။ သို့သော် ၎င်းအဆိုပြုချက်သည် မှားယွင်းနေပါသည်။

သတင်းစောင့်ဖတ်သူ (Subscribers) တစ်သောင်းကျော် ရှိသည့် "အသန်း(ICG)" အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ စက်တင်ဘာ ၁၃ ရက်နေ့တွင် "#နီပိန်းတွေသေချာကြည့်နင်တိုကျော်မိုးထွန်းလားလို(13.9.22)စက်တင်ဘာ.၁၂.ရက်နေ့ UN..နိုင်ငံတကာအစည်းအဝေးကုလသမ္မဂ္ဂမှာ... နစက..အစိုးရဖြစ်ကြောင်းမဲခွဲဆုံးဖြတ်ကြရာ... (119)..နိုင်ငံကထောက်ခံမှုရရှိ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမင်းသိမ်း သြစတြီးယားနိုင်ငံဗီယင်နာမြိုကုလသမဂ္ဂအနုမြူစွမ်းအင်အေဂျင်စီအစည်းအဝေးသိုတက်ရောက်" ဟု (မူရင်းအရေးအသားအတိုင်း) ပုံ နှစ်ပုံနှင့်တကွ ရေးသားဖြန့်ဝေထားသည်။ ထိုပိုစ့်ကို ဖေ့ဘုတ်တွင်လည်း ပြန်လည်ဖြန့်ဝေမှုများ ရှိနေသည်။

ထိုအကြောင်းအရာနှင့် ပတ်သက်၍ မဇ္ဈိမ မှ အချက်အလက်စစ်ဆေးခဲ့ရာ အသုံးပြုထားသော ပုံမှာ စက်တင်ဘာလ ၁၂ ရက်နေ့တွင် ဗီယက်နာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ၏ အုပ်ချုပ်မှုအဖွဲ့အစည်းအဝေးသို့ တတ်ရောက်သည့် ပုံဖြစ်သည်။

ထို အစည်းအဝေးတွင် မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်း ပါဝင်တက်ရောက်ခဲ့ပြီး နျူကလီးယား လုံခြုံရေး၊ နျူကလီးယား သိပ္ပံ အကြောင်းများဆွေးနွေးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုကိုယ်စားလှယ်နေရာနှင့်ပတ်သက်၍ ဆွေးနွေးခြင်းအလျဉ်းမရှိပါ။ သတင်းလင့် - https://bit.ly/3LlECBC

ထို့အပြင်(၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာလ ၁၄ ရက်နေ့က စတင်ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ ကိုယ်စားပြုခွင့်ရရေးအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ ဘက်မှ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် စစ်ကောင်စီဘက်မှ သံအမတ်ကြီး ဦးမင်းသိမ်း တို့ကို ၎င်းနေရာအတွက် ထည့်သွင်းဆုံးဖြတ်ရမည်ဖြစ်ပြီး အဖြေရလာဒ် မထွက်ရှိသေးပါ။

ထို့ကြောင့် သတင်းတုတွင် ပါဝင်သကဲ့သို့ ကုလသမဂ္ဂ နိုင်ငံတကာအစည်းအဝေးတွင် နစက အစိုးရဖြစ်ကြောင်း မဲခွဲဆုံးဖြတ်ခြင်း၊ ၁၁၉ နိုင်ငံမှ ထောက်ခံမှု ရရှိခြင်းများ မရှိခဲ့ဘဲ သံအမတ်ကြီး ဦးမင်းသိမ်း မှ ဩစတြေးလျနိုင်ငံ ဗီယင်နာမြို့တွင် ကုသလမဂ္ဂအနုမြူစွမ်းအင် အေဂျင်စီအစည်းအဝေးသို့ တတ်ရောက်ခြင်းသာ ဖြစ်သည်။

လက်ရှိအချိန်အထိ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ၏ကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ရှိနေသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly