ရုရှား သမ္မတ ပူတင် လုပ်ကြံခံရသည် ဆိုသည်မှာ မဟုတ်မှန်

ရုရှား သမ္မတ ပူတင် လုပ်ကြံခံရသည် ဆိုသည်မှာ မဟုတ်မှန်

စက်တင်ဘာလ ၁၇ ရက်

ရုရှားသမ္မတပူတင် ၏ လုံခြုံရေးယာဉ်တန်း မော်စကိုတွင် လုပ်ကြံခံရဆိုသော အဆိုပြုချက် ဖေ့စ်ဘုတ်တွင်ပျံံ့နှက်လျက်ရှိသည်။ သို့သော် ၎င်းအဆိုပြုချက်မှာ မှားယွင်းနေပါသည်။

"Myanmar Idol4 News" အမည်ရှိ ဖေ့ဘုတ်ပေ့ချ်တစ်ခုမှ စက်တင်ဘာ ၁၆ ရက်နေ့တွင် "ရုရှားသမ္မတ ပူတင်လုပ်ကြံခံရ ပူတင်လွတ်မြောက်" ဟု ဆိုကာ ပုံ ခြောက်ပုံနှင့် တကွဖြန့်ဝေထားသည်။ သတင်းတုတွင် ရုရှားသမ္မတ ပူတင်၏ လုံခြုံရေးယာဉ်တန်း မော်စကိုတွင် လုပ်ကြံခံရပြီး ပူတင်မှာ မထိခိုက်ကြောင်း ကိုယ်ရံတော်များ ဖမ်းဆီးခံရကြောင်း ရေးသားထားသည်။ ထိုသတင်းကို ပြန်လည်မျှဝေမှု ၆၀၀ ခန့် ရှိနေပြီဖြစ်သည်။

အဆိုပါ သတင်းနှင့်ပတ်သက်၍ မဇ္ဈိမ အချက်အလက် စစ်ဆေးသူများမှ စစ်ဆေးခဲ့ရာ အသုံးပြုထားသော ပုံများမှာ ရုရှားသမ္မတ ပူတင် ကားမတော်တဆမှု ဖြစ်စဉ်မှု ပုံဖြစ်ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလ တွင် မော်စကိုမြို့ Kutuzovsky ရိပ်သာလမ်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ဖြစ်သည်။ ထိုအကြောင်းကို Dailymail တွင် ဖော်ပြထားသည်။ သတင်းလင့် - https://bit.ly/3S9HhQV

ယခု သတင်းပတ်အတွင်း တရုတ်ဝန်ကြီးချုပ် ရှီကျင်းဖျင် နှင့် အိန္နိယဝန်ကြီးချုပ် မိုဒီ အပါအဝင် အခြား ၎င်းတို့ကို လိုလားသော အာရှနိုင်ငံများနှင့် တွေ့ဆုံမှုများရှိနေသည်။ ထိုအကြောင်းကို ဘန်ကောက်ပိုစ့် သတင်းဌာနမှ ဖော်ပြထားသည်။ သတင်းလင့် - https://bit.ly/3BNi8pT

ထို့ကြောင့် သတင်းတုတွင် ဖော်ပြထားသကဲ့သို့ ရုရှားသမ္မတပူတင် လုပ်ကြံခံရသည့် သတင်းမှာ ယခုဖြစ်စဉ်မဟုတ်ဘဲ ၂၀၁၆ ခုနစ် ဖြစ်စဉ်မှ ပုံကို အသုံးပြုကာ သတင်းတုဖြန့်ဝေထားခြင်းသာဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့်အချက်အလက်များ၊ သတင်းဆောင်းပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly