"မမများနဲ့ပွဲကမယ်" ရန်ပုံငွေပွဲ ဟားငါးကောင်အငြိမ့်ပါဝင်အားဖြည့်

"မမများနဲ့ပွဲကမယ်" ရန်ပုံငွေပွဲ ဟားငါးကောင်အငြိမ့်ပါဝင်အားဖြည့်

မဇ္ဈိမ။ ။  စစ်အာဏာရှင် ဆန့်ကျင်ဖြုတ်ချရေး လက်နက်ကိုင် တိုက်ပွဲများအတွက် ရန်ပုံငွေပွဲများ ရှာဖွေပေးနေသည့် “မမများနဲ့ပွဲကမယ်” ကမ်ပိန်း တတိယအကြိမ်အတွက် တော်လှန်ရေးအနုပညာရှင်များဖြစ်သည့် ဟားငါးကောင်အဖွဲ့မှ အငြိမ့်ဖြင့် ကပြဖျော်ဖြေ တင်ဆက်မည်ဖြစ်ကြောင်း သိရသည်။ 

“မမများနဲ့ပွဲကမယ်” ရန်ပုံငွေရှာဖွေပွဲသည် ပထမအကြိမ်တွင် ကရင်နီပြည်နယ်အတွက် ကျပ်သိန်း၅,၀၀၀ ကျော်၊ ဒုတိယအကြိမ်တွင် စစ်ကိုင်းတိုင်းအတွက် ကျပ်သိန်း ၂၇,၀၀၀ ကျော်နှင့် ယခုတတိယအကြိမ်တွင် ချင်းပြည်နယ်နှင့် မကွေးတိုင်းအတွက် ရည်ရွယ်ကာ  ကျပ်သိန်းပေါင်း ၁၅,၀၀၀ ရရှိရန်ရည်ရွယ်ပြုလုပ်ကြောင်း သိရသည်။ 

အငြိမ့်ပွဲတွင် အနုပညာရှင်မင်းမော်ကွန်း၊ ဟားငါးကောင်အဖွဲ့၊ မင်းသမီး ဆောင်းဝတီ၊ မင်းသမီး စန်းနီလာဝင်း(CDM) တို့က အကအလှအနုပညာများ ဟာသပြက်လုံးများဖြင့် ပါဝင်အားဖြည့်ထားကာ ရန်ပုံငွေပိုမိုရရှိနိုင်ရေးအတွက် ရည်ရွယ်ကြောင်း ပြောသည်။ 

အငြိမ့်ပွဲအား လာမည့်စက်တင်ဘာလ ၁၈ ရက်နေ့တွင် ‌ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 

စာတည်း။    ။ ဖူးသိမ်ကျ

#မမများနဲ့ပွဲကမယ်
#ဟားငါးကောင်အဖွဲ့
#ရံပုံငွေ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly