ပါကစ္စတန်၏ အကြီးဆုံး ရေကန်ကြီးတွင် ရေလျှံမှု ဖြစ်ပေါ်စဉ် အနီးအနားဒေသခံရွာသားများ ပိတ်မိခဲ့

ပါကစ္စတန်၏ အကြီးဆုံး ရေကန်ကြီးတွင် ရေလျှံမှု ဖြစ်ပေါ်စဉ် အနီးအနားဒေသခံရွာသားများ ပိတ်မိခဲ့

ပါကစ္စတန်နိုင်ငံ၏ အကြီးဆုံးရေကန်ကြီးဖြစ်သည့် မန်ချာကန် ရေလျှံမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ရာတွင် အနီးအနားရှိ ဆင်းဒ်ရွာသားအများအပြား ပိတ်မိနေခဲ့သည်။

“ဒီမှာက ရေတွေက တော်တော့်ကို များပါတယ်။ ကျွန်တော်တို့တော့ ရေနစ်တော့မယ် ထင်တယ်” ဟု ဒေသခံများက ပြောသည်။ ယင်းသည် ဆီဟ်တာ ဆီဟန်ဂျ် ကျေးရွာ၏ ရွာသားများထံမှ သတိပေးချက်ဖြစ်ကြောင်း စီအင်န်အင်န်သတင်းဌာနက ဖော်ပြသည်။
 
မုတ်သုံရာသီ မိုးကြီးခြင်းနှင့် ရေခဲမြစ်များ အရည်ပျော်ခြင်းတို့၏ စုပေါင်းသက်ရောက်မှုကြောင့် မန်ချာ ရေကန်သည် စတုရန်းကီလိုမီတာ ရာချီ ကျယ်သည့် ရေပြင်ဧရိယာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အဆိုပါကန်သည် ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်က အနည်းဆုံး သုံးကြိမ်မြောက်အဖြစ် ယင်း၏ ကမ်းပါးများကို ရေကျော်ခဲ့ရာတွင် အနီးအနား ကျေးရွာများတွင် ရေလွှမ်းမိုးမှုဖြစ်စေခဲ့သည်။

စံချိန်တင် မိုးကြီးမှုဖြစ်ပြီးနောက် အဆိုပါ ရေကန်သည် ပြီးခဲ့သည့် နှစ်လအတွင်း စတုရန်း ကီလိုမီတာ ရာချီ ဖုံးလွှမ်း သည့် ဧရိယာတစ်ခုအဖြစ် မည်ကဲ့သို့ ပြောင်းလဲသွားသလဲ ဆိုသည်ကို ဥရောပ အာကာသအေဂျင်စီ (ESA) ၏ စောင့်ကြည့် ဂြိုဟ်တုပုံရိပ်သစ်များက ပြသနေသည်။

တစ်ချိန်က ရေကန်ရှိ ကျွန်းများ၊ ကျွန်းဆွယ်များ ဖြစ်ခဲ့သည့် နေရာများသည် ယခုအခါ ပျောက်ကွယ်သွားခဲ့သလို အနီးပတ်လည်မြေများလည်း ရေလွှမ်းခံလိုက်ရကြောင်း စီအင်န်အင်န်က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly