တောင်ကိုရီးယား မင်းသမီး ကင်ဆိုဟွန်းသည် CF အချိုရည် ကြော်ငြာရိုက်ကူးနေစဉ် ခြေထောက်တွင် ဒဏ်ရာရရှိခဲ့ကြောင်း မကြာသေးမီက သတင်း ထုတ်ပြန်ခဲ့သည်။
“ကင်ဆိုဟွန်းဟာ ခြေထောက်မှာ ဒဏ်ရာရခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ စိုးရိမ်စရာ မရှိပါဘူး။ ကင်ဆိုဟွန်းဟာ အစီစဉ်အတိုင်း CF အချိုရည် ကြော်ငြာ ရိုက်ကူးမှုကို အပြီးသတ် ရိုက်ကူးသွား မှာပါ။ ဖေဖော်ဝါရီ ၂၃ ရက်တွင် ကိုရီးယားနိုင်ငံသို့ ပြန်လာမှာဖြစ်ပါတယ်” ဟု ဟက်ဆို ဟွန်း၏ ကိုယ်စားလှယ်က ဖေဖော်ဝါရီ ၂၂ ရက်တွင် TV Report ကို ပြောကြားခဲ့သည်။
ကင်ဆိုဟွန်းသည် ဖျော်ရည်ကြော်ငြာအတွက် ပြည်ပတွင် သွားရောက်ရိုက်ကူးစဉ် ခြေထောက် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ကင်ဆိုဟွန်းသည် အရိုးအက်ခြင်းများ မရှိသော်လည်း ရရှိထားသော ဒဏ်ရာကြောင့် လမ်းလျှောက်ရန် အခက်အခဲရှိကြောင်း ကိုယ်စားလှယ်က ပြောကြားသည်။
လက်ရှိအချိန်တွင် ကင်ဆိုဟွန်းသည် ၎င်းပါဝင်သရုပ်ဆောင်ထားသော ရုပ်ရှင်ကားသစ် “Unforgettable” ပွဲဦးထွက် ပြသခြင်းနှင့် အရောင်းမြှင့်တင်ရေးတွင် ပါဝင်သွားနိုင်ခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ ဆုံးဖြတ်ချက် မချရသေးပေ။
“Unforgettable” ရှပ်ရှင်ကားသည် ရေဒီယိုဒီဂျေသမား တစ်ဦးအကြောင်းကို ပုံဖော်ရိုက် ကူးထားပြီး သူငယ်ချင်းငါးယောက်နှင့် ၎င်းတို့၏ ပထမချစ်သူတို့အကြား ခင်မင်မှုအကြောင်းကို အဓိကာထား ပုံဖော်ရိုက်ကူးထားသည့် ရုပ်ရှင်ဖြစ်သည်။
ယင်းရုပ်ရှင်ကားတွင် EXO အဖွဲ့ဝင် ဒီအို၊ ကင်ဆိုဟွန်း၊ ယွန်းဂျန်ဆွတ်ခ်နှင့် လီဒေးဗစ်တို့ ပါဝင်သရုပ်ဆောင်ထားပြီး ဖေဖော်ဝါရီ ၂၄ ရက်တွင် ပွဲဦးထွက် ထုတ်လွှင့် ပြသသွားမည် ဖြစ်သည်။