တရုတ်-အမေရိကန် ချစ်ပ်စစ်ပွဲ၏ ဗဟိုချက်တွင် ရှိသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ

တရုတ်-အမေရိကန် ချစ်ပ်စစ်ပွဲ၏ ဗဟိုချက်တွင် ရှိသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများ

ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားချိန်တွင် တရုတ်က အင်အားသုံးသိမ်းယူမည်ဟု ခြိမ်းခြောက်ထားသည့် ထိုင်ဝမ်ကို အမေရိကန်က အာရုံစိုက်နေသည်။

ယူကရိန်းစစ်ပွဲ၏ အကြီးကျယ်ဆုံးတိုက်ပွဲတစ်ခုနှင့် တရုတ်-ရုရှားချစ်ကြည်ရင်းနှီးမှု တိုးလာခြင်းသည် တရုတ်နှင့် ထိုင်ဝမ်တို့ ထိန်းချုပ်ထားသည့် နည်းပညာ မြင့်မားခြင်းကြောင့်ဖြစ်ကြောင်း အီတလီနိုင်ငံရေး အကြံပေးနှင့် ပထဝီနိုင်ငံရေးကျွမ်းကျင်သူ ဆာဂျီရိုရက်ဆယ်လီက The Times of Israel တွင် ရေးသားငြင်းချက်ထုတ်ခဲ့သည်။

"၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ရောမမြို့၌ ကျင်းပသည့်ဂျီ-၂၀ထိပ်သီးအစည်းအဝေးတွင် ခေါင်းဆောင်များသည် ထုတ်လုပ်ရေး ကွင်းဆက်ခံ နိုင်ရည်အပေါ် ဆွေးနွေးခဲ့ကြသည်။ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီမြို့တော်များအားလုံးတွင်နှိုးဆော်သံများ ထွက်ပေါ်လာပြီး အထူးသဖြင့် ဝါရှင်တန်ဒီစီ၊ နယူးဒေလီနှင့် ပဲရစ်တို့တွင်ဖြစ်ပြီး အနာဂတ်ခေတ်မီစီးပွားရေးနှင့် စက်မှုလုပ်ငန်းတိုးတက်မှုသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်သည့် စက်မှုလုပ်ငန်းကို တရုတ်၏လွှမ်းမိုးချုပ်ကိုင်မှုကြောင့် အကျပ်ကိုင်ခံရနိုင်သည်”ဟု ရက်ဆယ်လီက ပြောကြားခဲ့သည်။ ယင်းနေရာတွင် အစ္စရေးသည် နည်းပညာစွမ်းပကားဖြင့် လွတ်လပ်သော ကမ္ဘာ၏ခေါင်းဆောင်ဖြစ်လာနိုင်ပြီး အဓိကနိုင်ငံရေးကစားသမားတစ်ဦးအဖြစ် အသွင်ပြောင်းသွားသည်ကို တွေ့မြင်နေရကြောင်း ၎င်းက ဆိုသည်။

"Intel ၏ Israeli Tower Semi-conductor ကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံဖြင့် ဝယ်ယူမှုသည် အစ္စရေးတစ်ပိုင်းလျှပ်ကူးပစ္စည်းလုပ်ငန်း ခေတ်မီတိုးတက်လာတော့မည့် အဓိကဥပမာတစ်ခုဖြစ်သည်။"

အရွယ်အစား ၁၀ နာနိုမီတာ သို့မဟုတ် သေးငယ်သည့်ကမ္ဘာ့ထိပ်တန်းဆားကစ်များ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၏၂ရာခိုင်နှုန်းကို ထိုင်ဝမ်တွင် ထုတ်လုပ်ကြောင်း အီတလီပညာရှင်က မီးမောင်းထိုးပြခဲ့သည်။

TSMC ကို မျက်စိကျနေရခြင်း၏ တစ်ခုတည်းသောအကြောင်းရင်းမှာ ဆီလီကွန်ဝေဖာချပ်ပြားများ ထုတ်လုပ်ခြင်းကို အဓိကလုပ်ဆောင်ခြင်းကြောင့်ဖြစ်သည်ဟု ဆိုသည်။

စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနိုင်သဖြင့် အမေရိကန်နည်းပညာကုမ္ပဏီ Nvidia က နည်းပညာမြင့်ကွန်ပျူတာချစ်ပ်များ ရုရှားနှင့်တရုတ်သို့ ရောင်းချခြင်းအပေါ် ကန့်သတ်ချက်များ အမေရိကန်အစိုးရက သြဂုတ်လက ချမှတ်ခဲ့သည်။

နည်းပညာများကို တင်ပို့ရန်နှင့် ပံ့ပိုးရန်အတွက် လိုင်စင်လိုအပ်ပြီး ယင်းနည်းပညာများကို စစ်ရေးရည်ရွယ်ချက်အတွက် အသုံးပြုနိုင်သည့်အန္တရာယ်ကို ဖယ်ရှားခဲ့ကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required