တရုတ်က အီရန်သို့ လက်နက်များ ရောင်းချခြင်းသည် အကြမ်းဖက်လုပ်ရပ်ကို အားပေးမှုဖြစ်စေ

တရုတ်က အီရန်သို့ လက်နက်များ ရောင်းချခြင်းသည် အကြမ်းဖက်လုပ်ရပ်ကို အားပေးမှုဖြစ်စေ

တရုတ်က အီရန်သို့ လက်နက်များ ရောင်းချခြင်းသည် ယင်းအစိုးရ၏ အကြမ်းဖက် လုပ်ရပ်ကို ကူညီအားပေးခြင်းဖြစ်သည့်အပြင် တရုတ်က ၎င်း၏ နည်းပညာအား အီရန်ရှိ အရန် ပြည်သူ့စစ်များသို့ ရောက်ရှိနေခြင်းကို အစိုးရက ကာကွယ်ခြင်း မရှိပေ။

အမေရိကန်အစိုးရ၏ ကမ္ဘာ့အရှေ့ဝန်းကျင်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဘာဘရာလိဖ်က ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီသို့ ဩဂုတ် ၄ ရက်က တင်ပြရာတွင် တရုတ်သည် လွန်ခဲ့သော နှစ်များက အီရန်၏ အရန်ပြည်သူ့စစ်များအသုံးပြုနေသည့် မောင်းသူမဲ့ ယာဉ်ပျံများ (UAV) များကို ပေးခဲ့သည်ဟု ပြောကြားသည်။

တရုတ်မှ အများဆုံး ရရှိသည့် ဒရုန်းများကို အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ရရှိကာ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်နှင့် ယီမင်နိုင်ငံတို့ရှိ အရန်ကြားခံတပ်ဖွဲ့များသို့ ဆက်လက်ပေးခြင်း ဖြစ်သည်။

တရုတ်မှရရှိသည့် ဒရုန်းများသည် အီရန်တို့ထောက်ပံ့ထားသည့် အကြမ်းဖက်အဖွဲ့အစည်းများ၏ လက်နက်တိုက်တွင် အများအပြားဖြစ်လာသည်။ ၂၀၁၉ ခုနှစ်က အီရတ်တို့ ထောက်ပံပေးခဲ့သည့် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်များသည် ဆော်ဒီနိုင်ငံရှိ ရေနံထုတ်လုပ်သည့် နေရာများကို တိုက်ခိုက်ရန် ဒရုန်းများကို အသုံးပြုခဲ့သည်။ နောက် ၂ နှစ်အကြာတွင် ဟူသီတို့က အိုမန်နိုင်ငံအနီးတွင် အစ္စရေးက အသုံးပြုနေသည့် ဂျပန်ပိုင် ရေနံတင်သင်္ဘောကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။

အီရန်ထောက်ပံ့ထားသည့် အကြမ်းဖက်သမားများက ၂၀၂၂ ခုနှစ် ဩဂုတ်လတွင် ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ အမေရိကန် စစ်တပ်ကင်းစခန်းများကို တိုက်ခိုက်ခဲ့သည်။

တရုတ်က စစ်သုံးအဆင့်ရှိ ဆက်သွယ်ရေးပစ္စည်း BeiDou ကို အီရန်နှင့် ပါကစ္စတန်တို့ကိုသာ ပေးပို့သည်။ အီရန် ကာကွယ်ရေးဝန်ကြီးဌာနပိုင် အီရန်အီလက်ထရောနစ်စက်မှုလုပ်ငန်းသည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလက BeiDou ဆက်သွယ်ရေးစနစ်ကို ရရှိရန် တရုတ်အစိုးရနှင့် လက်မှတ်ရေးထိုးခဲ့ကြောင်း Al Arabia Post က ဖော်ပြသည်။

တရုတ်နှင့် အီရန်တို့အကြား ဆက်ဆံရေး ဆက်ဆံရေး တဖြည်းဖြည်း ခိုင်မာလျက်ရှိရာတွင် တရုတ်ကာကွယ်ရေး ဝန်ကြီး ဝေဖန်းသည် ယခုနှစ် ဧပြီ ၂၈ ရက်က တီဟီရန်သို့ သွားရောက်ကာ အီရန်သမ္မတအီဗရာဟင်ရာဆီ အပါအဝင် အစိုးရအကြီးတန်းအရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

နှစ်နိုင်ငံအကြား စီးပွားရေးနှင့် နိုင်ငံရေးဆက်ဆံမှုများ ပိုမိုအားကောင်းစေရန် ၂၅ နှစ် သက်တမ်းရှိ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ယမန်နှစ် မတ်လအတွင်းက လက်မှတ်ရေးထိုးခဲ့သည်။ ယင်းစာချုပ်အရ စီးပွားရေး၊ စစ်ရေးနှင့် လုံခြုံရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန် တရုတ်က အီရန်တွင် အမေရိကန်ဒေါ်လာ ၄၀၀ ဘီလီယံကို ရင်းနှီးမြှပ်နှံမည်ဖြစ်သည်။

ဆော်ဒီနှင့် အီရန်တို့အကြား တင်းမာမှုများ မြင့်တက်နေချင်းကို ပါးနပ်စွာ အသုံးချသည့် တရုတ်က နှစ်နိုင်ငံစလုံးသို့ UAV များ ရောင်းချပေးသည်။ အီရန်၏ အကြမ်းဖက် တိုက်ခိုက်မှုကို စိုးရိမ်သည့် ဆော်ဒီက ပြည်တွင်း၌ စက်ရုံတည်ဆောက်၍ ဒရုန်းများ ထုတ်လုပ်နိုင်ရန် တရုတ်နှင့် သဘောတူစာချုပ်ကို မတ်လအတွင်းက ရေးထိုးခဲ့သည်။

ဆော်ဒီအစိုးရက တရုတ်ထံမှ Wing Loong II နှင့် CH-4 သူလျှိူလုပ်ငန်းနှင့် တိုက်ခိုက်ရေးဒရုန်းများကို ၂၀၁၄ ခုနှစ်မှ စတင်ဝယ်ယူခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly