တရုတ်လေတပ်ကျူးကျော်မှု သိသိသာသာတိုးလာ 

By Taipei times
10 September 2022
တရုတ်လေတပ်ကျူးကျော်မှု သိသိသာသာတိုးလာ 

တရုတ်လေတပ်သည်ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (ADIZ) အတွင်းသို့ သြဂုတ်လတွင် ကျူးကျော်ဝင်ရောက်မှုပေါင်း ၄၄၆ကြိမ်ပြုလုပ်ခဲ့ကြောင်း Defense Post သတင်းတွင်ဖော်ပြထားသည်။
 
သြဂုတ်လအတွင်း ကျူးကျော်မှုများသည်၂၀၂ဝပြည့်နှစ်တစ်နှစ်လုံးမှတ်တမ်းတင်ထားသော အရေအတွက်ကို ကျော်လွန်သွား ခဲ့သည်ဟု အစီရင်ခံစာကဆိုသည်။

"ထိုင်ဝမ်ရေလက်ကြား၏အလယ်တန်းမျဉ်းသည်ပဋိပက္ခကိုရှောင်ရှားရန်လမ်းစတစ်ခုအဖြစ် ကာလကြာရှည်စွာရှုမြင်ထားသော်လည်းတရုတ်ကလျစ်လျူရှုနေသည်" ဟုအမေရိကန်၏ဂျာမန်မာရှယ်ရန်ပုံငွေအဖွဲ့မှအာရှအစီအစဉ်ဒါရိုက်တာဘိုနီဂလက်စာ၏ပြောကြားချက်ကို VOA ကကိုးကား၍သတင်းတစ်ပုဒ်တွင်စက်တင်ဘာ၂ရက်ကဖော်ပြထားသည်။

 တရုတ်က ထိုင်ဝမ်၏လှုပ်ရှားနိုင်သည့်အကျယ်အဝန်းကိုကျဉ်းမြောင်းစေရန်၊ ADIZ နှင့် ၎င်းတို့၏  သီးသန့်စီးပွားရေးဇုန်သတ်မှတ်ချက်ကို  ပြန်လည် အားကောင်းလာစေရန် ရည်ရွယ်ချက်ဖြင့် နောက်ထပ်စစ်ရေး လေ့ကျင့်မှုများပြုလုပ်နိုင်ဖွယ်ရှိကြောင်းသတင်းတွင်သူမ၏ပြေကြားချက်ကိုကိုးကားဖော်ပြထားသည်။
 
သြဂုတ်လ၏ ကျူးကျော်မှုပေါင်း၄၄၆ခုကို ထည့်သွင်းကာ ထိုင်ဝမ် ADIZ Violations Tracker  မှ ထုတ်ပြန်သော အချက်အလက်များကို ကိုးကားထားသည့် အစီရင်ခံစာ၌ ၂၀၂ဝပြည့်နှစ် စက်တင်ဘာလနှင့် ဇူလိုင် ၂၃ ရက်ကြားတွင် ယင်းသို့ကျူးကျော်မှု ၂၃ခုသာရှိသည်ကိုဖော်ပြထားသည်။

“သူတို့ကထိုင်ဝမ်လေယာဉ်မှူးတွေနဲ့ပြုပြင်ထိန်းသိမ်းရေးသမားတွေသည်းခံနိုင်မှုအတိုင်းအတာနည်းပါးလာစေဖို့နဲ့ပြည်သူတွေစိတ်ပိုင်းဆိုင်ရာစိတ်ပျက်အားငယ်မှုဖြစ်စေဖို့ကြိုးစားနေပါတယ်”ဟုဘိုနီဂလက်စာ၏ ပြောကြားချက်ကို VOA ကကိုးကားဖော်ပြခဲ့သည်။

ဆက်စပ်သတင်းများတွင် တိုင်ပေမှ စစ်ဘက်သတင်းရင်းမြစ်တစ်ခုက ယမန်နေ့ကပြောကြားရာတွင် စစ်တပ်သည်ထိုင်ဝမ်တောင်ပိုင်းတွင်ကျည်အစစ်ဖြင့်လေ့ကျင့်မှုပြုလုပ်ရန်စီစဉ်ထားပြီး ယင်း၏တပ်ဖွဲ့အသီးသီး၏တိုက်ခိုက်ရေးစွမ်းရည်ကိုစမ်းသပ်မည့်အကြောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required