အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ခရီးစဉ်အား အကြောင်းပြချက်ပေးကာ ထိုင်ဝမ်အားဝိုင်းပတ်ရန် တရုတ်ရေတပ်ကစွမ်းဆောင်ရည်ကို စမ်းသပ်နေ

အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ၏ ခရီးစဉ်အား အကြောင်းပြချက်ပေးကာ ထိုင်ဝမ်အားဝိုင်းပတ်ရန် တရုတ်ရေတပ်ကစွမ်းဆောင်ရည်ကို စမ်းသပ်နေ

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီလာရောက်ခဲ့သည့် ခရီးစဉ်ကို အကြောင်းပြကာထိုင်ဝမ်ကိုရေတပ်ဖြင့်ပိတ်ဆို့ရေးအတွက်ဝိုင်းပတ်ထားပြီးရေတပ်၏စွမ်းရည်ကိုကိုတရုတ်ရေတပ်ကအသုံးချနေသည်။

အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌနန်စီပေလိုစီကထိုင်ဝမ်သို့လာရောက်ပြီးနောက်တရုတ်ကချောင်ပိတ်မိသည့်ကြောင်ကဲ့သို့ပြုမှုနေကြောင်းဗာလီရီရိုဖက်ဘရီက Portal Plus တွင်ရေးသားခဲ့သည်။

ထို့ပြင် တရုတ်ကအမေရိကန်နှင့်လိုအပ်သောအရေးကြီးသော ဆက်သွယ်ရေးချိတ်ဆက်မှုများကိုလျှော့ချခဲ့ပြီး၊ အခြားတစ်ဖက်တွင်မူထိုင်ဝမ်ကို ရန်စရန်အရှိန်အဟုန်မြှင့်သည့် မဟာဗျူဟာတစ်ရပ်ကို စတင်ခဲ့သည်။

ထိုင်ဝမ်ကိုတရုတ်၏ကျူးကျော်မှုကအချိန်ကာလနှင့်အခွင့်အလမ်းကိုမေးခွန်းထုတ်စရာဖြစ်လာနိုင်သည်ဟုဖက်ဘရီကဆိုသည်။

လက်ရှိတွင်တရုတ်ကဆင်ခြင်တုံတရားဖြင့်လုပ်ဆောင်ခြင်းမရှိပေ။သူမခရီးစဉ်အပြီးတွင်တရုတ်ကွန်မြူနစ်ပါတီ (CCP) အစိုးရကထိုင်ဝမ်တစ်ဝိုက်ရှိရေပြင်တွင်၄ရက်ကြာမဆုတ်မနစ်ရေတပ်လေ့ကျင့်မှုကိုစတင်ခဲ့သည်။

တရုတ်အရာရှိများကကျည်ဆန်အစစ်များဖြင့်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီးအများအားဖြင့်စစ်ဆင်ရေးအဆင်သင့်ဖြစ်စေရန်နောက်ပိုင်းအဆင့်လေ့ကျင့်ခန်းဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုတွင်စစ်သင်္ဘော၅၀ကျော်နှင့်တရုတ်စစ်လေယာဉ်၂၀ဝကျော်ပါဝင်ခဲ့သည်။

ရှီကျင့်ဖျင်အာဏာရလာပြီးနောက်တွင်အငြင်းပွားနေသည့်နိုင်ငံများကိုတရုတ်ကပုံမှန်မဟုတ်သောရန်လိုပြီးစစ်ပွဲကဲ့သို့သောစစ်ရေးပုံစံများကိုအမှန်တကယ်ပင်ပြုလုပ်ခဲ့ကြောင်း Portal Plus ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required