တိဗက်၌ DNA အစုလိုက်အပြုံလိုက်စုဆောင်းမှုတွင်တရုတ်အာဏာပိုင်များပါဝင်နေ

By RFA
09 September 2022
တိဗက်၌ DNA အစုလိုက်အပြုံလိုက်စုဆောင်းမှုတွင်တရုတ်အာဏာပိုင်များပါဝင်နေ

တရုတ်အစိုးရကတိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (TAR) တစ်လျှောက်ရှိ မြို့ရွာအများအပြားတွင် နေထိုင်သူများထံမှ DNA များ အတင်းအဓမ္မစုဆောင်းခြင်းအပါအဝင် ရဲတပ်ဖွဲ့ဝင်များကို သိသိသာသာတိုးမြှင့်ချထားနေကြောင်းလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကပြောကြားလိုက်သည်။

ရရှိနိုင်သောအချက်အလက်များအရလူများသည် DNA ပေးရန် မငြင်းဆန်နိုင်ကြောင်းနှင့် ရဲများသည်မည်သည့် ရာဇဝတ်မှုကိုမဆိုခိုင်လုံသောသက်သေအထောက်အထားမလိုအပ်ဘဲဖမ်းဆီးနိုင်ကြောင်းဖော်ပြနေသည်။

၂၀၂၂ခုနှစ်ဧပြီလတွင်လာဆာမြူနီစီပယ်မှအစီရင်ခံစာတစ်ခုတွင်သူငယ်တန်းနှင့်အခြားဒေသခံများမှကလေးငယ်များထံမှ DNA စုဆောင်းခြင်းအတွက်သွေးနမူနာများကိုစနစ်တကျစုဆောင်းထားကြောင်းဖော်ပြထားသည်။

၂၀၂ဝပြည့်နှစ်ဒီဇင်ဘာလတွင်ချင်းဟိုင်ပြည်နယ်ရှိတိဗက်မြို့နယ်တစ်ခုမှအစီရင်ခံစာတစ်စောင်တွင်အသက်၅နှစ်နှင့်အထက်ယောကျာ်းလေးများအားလုံး၏ DNA ကိုစုဆောင်းထားကြောင်းဖော်ပြထားသည်။

“တရုတ်အစိုးရကတိဗက်လူမျိုးတွေကိုရက်ရက်စက်စက်ဖိနှိပ်ချုပ်ချယ်နေပါတယ်”ဟုလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့မှတရုတ်ဒါရိုက်တာဆိုဖီရစ်ချက်ဆန်ကပြောကြားခဲ့သည်။

“အခုအခါအာဏာပိုင်တွေကသူတို့ရဲ့စောင့်ကြည့်နိုင်စွမ်းရည်ကိုအားကောင်းစေဖို့သဘောတူညီချက်မပါဘဲသွေးတွေယူနေပါတယ်။”

တိဗက်ကုန်းပြင်မြင့်၏အနောက်ဘက်ခြမ်းကိုလွှမ်းခြုံထားသည့် TAR ရှိစီရင်စုသို့မဟုတ် မြူနီစပယ် ၇ခုလုံးတွင်ယင်းအစုလိုက် DNA စုဆောင်းမှုများဖြစ်ပေါ်နေပုံရသည်။

အဆိုပါစုဆောင်းမှုများသည်ဒေသတွင်းအောက်ခြေအဆင့်တွင်ရဲတပ်ဖွဲ့ဝင်များထားရှိရန်တရုတ်အာဏာပိုင်များ၏ဆက်လက်ကြိုးပမ်းမှု၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required