မုံရွာအကျဉ်းထောင်က အကျဉ်းဦးစီးအရာရှိကို မုံရွာခရိုင် PPF က ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်

မုံရွာအကျဉ်းထောင်က အကျဉ်းဦးစီးအရာရှိကို မုံရွာခရိုင် PPF က ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်

Sep 10

မန္တလေး(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှ အကျဉ်းဦးစီးအရာရှိ နှစ်ပွင့်(ထောင်မှူးကြီး) ဦးမျိုးညွန့်အောင်ဆိုသူကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၂)၊ တပ်ခွဲ(၄) Fight For People(FFP) က ဖမ်းဆီးရမိကြောင်း သတင်းထုတ်ပြန်သည်။

၎င်းသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ သာစည်ကျေးရွာအနီး ဆောက်လုပ်နေသော အကျဉ်းထောင်သစ်၏ ကြီးကြပ်ရေးအဖွဲ့ အင်ဂျင်နီယာ ဒုကြီးကြပ်ရေးမှူးဖြစ်ကြောင်း သိရပြီး ယမန်နေ့စက်တင်ဘာလ ၉ ရက်က အရပ်၀တ်ဖြင့် တိတ်တဆိတ်အပြင်ထွက်လာစဉ် ဖမ်းဆီးလိုက်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“အာဏာရူး(မင်းအောင်လှိုင်)မအလ၏၊ မြန်မာတစ်နိုင်ငံလုံး ဂုတ်သွေးစုပ်ထားပြီး ဆောက်လုပ်နေသော အကျဉ်းထောင်များကို လိုက်လံကြီးကြပ်ရေးအဖွဲ့ရဲ့ အင်ဂျင်နီယာ၊ ဒုကြီးကြပ်ရေးမှူး အကျဉ်းဦးစီးဌာန နှစ်ပွင့်(ထောင်မှူးကြီး) ဦးမျိုးညွန့်အောင်(ကိုယ်ပိုင်နံပါတ် က-၃၃၈၆)ကို ၉.၉.၂၀၂၂ ရက်နေ့တွင်၊ မုံရွာမြို့နယ် ၊ သာစည်ကျေးရွာ၌ အသစ်ဆောက်လုပ်နေသော အကျဉ်းထောင်ကနေ တိတ်တဆိတ်ထွက်ခွာလာရာ မုံရွာမြို့ သာစည်လမ်းပေါ်တွင် ဖမ်းဆီးရမိပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးခံရမှုအသေးစိတ်ကို ဖော်ပြထားခြင်းမရှိသေးဘဲ မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

#စစ်ကိုင်းတိုင်း

#မုံရွာမြို့

#အကျဉ်းထောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly