လာမည့်လတွင် ကျင်းပမည့် ၂၀ ကြိမ်မြောက် ညီလာခံမတိုင်မီ  သမ္မတရှီကျင့်ဖျင်အတွက် စိန်ခေါ်မှုများ ရှိလာ

လာမည့်လတွင် ကျင်းပမည့် ၂၀ ကြိမ်မြောက် ညီလာခံမတိုင်မီ  သမ္မတရှီကျင့်ဖျင်အတွက် စိန်ခေါ်မှုများ ရှိလာ

တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် လာမည့်လတွင် ပေကျင်းမြို့၌ ၎င်း၏ ၂၀ ကြိမ်မြောက် ပါတီညီလာခံကို ကျင်းပမည်ဖြစ်ကြောင်း နိုင်ငံ၏ ထိပ်တန်းဆုံးဖြတ်ချက်ချရေးအဖွဲ့က ပြီးခဲ့သည့်လက ကြေညာခဲ့သည်။

၅ နှစ်တစ်ကြိမ်ကျင်းပသည့် ပါတီညီလာခံတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်သည် တတိယအကြိမ်မြောက် သမ္မတအဖြစ် ရာထူးရရှိရန် အလားအလာရှိသလို  လျာထားသောထိပ်တန်းခေါင်းဆောင်သစ်များကိုလည်း ပွဲထုတ်မည်ဖြစ်သည်။ 

 ရှီကျင့်ဖျင်သည် ပါတီညီလာခံမတိုင်မီကပင် ထိပ်တန်းရာထူးရှိ ကေဒါများအား ပါတီအပေါ် သစ္စာစောင့်သိရန် တောင်းဆိုထားသည်။

ရှီကျင့်ဖျင်၏ မူဝါဒများအပေါ် မကျေနပ်မှုများ ကြီးထွားလာသည့်အတွက် စိတ်ဓာတ်များ ထိန်းချုပ်ရန် လိုအပ်ကြောင်းနှင့် တရုတ်တွင် အရာအားလုံး မချောမွေ့နိုင်ကြောင်း” ဖက်ဒရီကို ဂူလီယန်နီက  InsideOver တွင် ရေးသားထားသည်။

“ပါတီအတွင်းမှာ တိုက်ခိုက်မှုတွေ ရှိနေပြီး အထွေအထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖျင်နဲ့ CCP အကြီးအကဲ ဟောင်း ကျန်းဇီမင်းရဲ့အဖွဲ့တွေအကြား တိုက်ခိုက်မှုတွေနဲ့ နောက်တစ်ခုက ရှီနဲ့ ဝန်ကြီးချုပ် လဲခေ့ချန်တို့အကြား တိုက်ပွဲတွေလည်း ရှိပါတယ်” ဟု ဖက်ဒရီကိုက ပြောသည်။

 ရှီသည် အာဏာရလာပြီးကတည်းက ဗဟိုချုပ်ကိုင်မှုအာဏာကို လက်ကိုင်ထားကာ ကွန်မြူနစ်ပါတီနှင့် အစိုးရအား မလှုပ်သာ မလှည့်သာဖြစ်စေခဲ့သည်။

ဩဇာကြီးသော ခေါင်းဆောင်တစ်ဦးတည်းက ဦးဆောင်ကာ အထက်ကို ရိုကျိုးသည့်အဖွဲ့အစည်းအဖြစ်သို့ အသွင်ပြောင်းခဲ့သည်။

 သမ္မတရှီက တတိယသမ္မတသက်တမ်းအတွက် ဆက်လက်ကြိုးပမ်းနေချိန်တွင် CCP ၏ ပါတီဝင်များ တိုးလာသော်လည်း ပါတီဝင်များ၏အပေါ် သစ္စာစောင့်သိမှုအပေါ် စိုးရိမ်ကြောင်း ရှီက ဖော်ပြခဲ့သည်။

ပါတီဝင်များအနေဖြင့် သစ္စာစောင့်သိမှု ၂ မျိုးရှိသည်။ ပထမတစ်မျိုးမှာ ပါတီအပေါ် သစ္စာစောင့်သိခြင်းဖြစ်ပြီး ဒုတိယတစ်မျိုးမှာ ရှီအပေါ် သစ္စာစောင့်သိခြင်းဖြစ်သည်။ သို့သော် နိုင်ငံတွင်းမှ အစိုးရရာထူးအများစုသည် ပါတီဝင်ဖြစ်ရန် လိုအပ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly