ပါကစ္စတန် ဘာလိုချီစတန်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်

ပါကစ္စတန် ဘာလိုချီစတန်တွင် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ ဖြစ်ပေါ်

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် မြို့တော် ကွက်တာနှင့် ခူဇ်ဒါမြို့တို့တွင် ဩဂုတ် ၂၈ ရက် ညပိုင်းက သီးခြားဖြစ်ပေါ်သည့် လက်ပစ်ဗုံး တိုက်ခိုက်မှုဖြစ်စဉ်နှစ်ခုတွင် အနည်းဆုံး လူ ၂ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာများ ရခဲ့ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

ပထမ ပေါက်ကွဲမှုဖြစ်စဉ်သည် ကွက်တာ-ကရာချိ အဝေးပြေးလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရမှု သတင်းထွက်ပေါ်ခဲ့ခြင်း မရှိပေ။ ဒုတိယ တိုက်ခိုက်မှုဖြစ်စဉ်တွင် လူနှစ်ဦး အပြင်းအထန် ဒဏ်ရာရသွားခဲ့သည်။ အဆိုပါဖြစ်စဉ်တွင် မည်သည့်အဖွဲ့ကမှန်း မသိရသော တိုက်ခိုက်သူများက ခူဇ်ဒါ၏ ခန်းဒ် လမ်းမပေါ်ရှိ ကားတစ်စီးကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“လက်ပစ်ဗုံးနဲ့ တိုက်ခိုက်လို့ ကားတစ်စီးအနားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ပါတယ်” ဟု ရဲများက ပြောသည်။ ကားသည် ပေါက်ကွဲမှုကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်စီးသွားခဲ့သည်။

တိုက်ခိုက်သူများကို ဖမ်းဆီးနိုင်ရန် ရဲများက ရှာဖွေရေးစစ်ဆင်ရေးတစ်ခုကို လုပ်ဆောင်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly