ပါကစ္စတန် ဘာလိုချီစတန်ရှိ အစိုးရရေနံကုမ္ပဏီ ဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် သေဆုံးဒဏ်ရာမှုများ ဖြစ်ပေါ်

By Dawn
10 September 2022
ပါကစ္စတန် ဘာလိုချီစတန်ရှိ အစိုးရရေနံကုမ္ပဏီ ဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် သေဆုံးဒဏ်ရာမှုများ ဖြစ်ပေါ်
Photo: EPA

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် မုတ်သုံမိုး သည်းထန်ရွာရွာသွန်းကာ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခြင်းကြောင့် အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပွားခဲ့သလို ပြီးခဲ့သည့် ဩဂုတ် ၃၁ ရက်တွင် စစ်သွေးကြွများက ကယ်လတ်မြို့စွန်ရှိ ပါကစ္စတန်အစိုးရပိုင် ရေနံကုမ္ပဏီ (PPL) ၏ လုပ်ငန်းခွင် နေရာတွင် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အတွက် ဝန်ထမ်းတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့ကမှန်း မသိရသည့် အမျိုးသားများက ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်မတိုင်မီ ကယ်လတ်ခရိုင်နှင့် အနီးဝန်းကျင် ဧရိယာများတွင် အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုလည်း လှုပ်ခဲ့သေးသည်။

ကယ်လတ်မြို့စွန်ရှိ PPL ၏ အလုပ်ဆိုဒ်နေရာအနီး ရှိတ်ခ်ရီ ဧရိယာတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အကောက်ခွန် အရာရှိများက ပြောသည်။ PPL ၏ လုပ်ငန်းခွင်တွင် အလုပ်ချိန်အတွင်း လက်လုပ်မိုင်းတစ်လုံးက ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အင်အားအသင့်အတင့်ရှိ ငလျင်တစ်ခုသည်လည်း ကယ်လတ်ခရိုင်တွင် လှုပ်ခဲ့သည်။

ထိုငလျင်၏ ပြင်းအားသည် ရစ်ချ်တာစကေး ၄ ဒသမ ၇ အဆင့်ရှိပြီး ငလျင်ဗဟိုချက်က ကယ်လတ်၏ အရှေ့တောင်ဘက်တွင် ဖြစ်ကြောင်း မိုးလေဝသဌာနက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly