ရေလက်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုး လက်နက်ရောင်းချမှုအပေါ် တရုတ် ကန့်ကွက်

ရေလက်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်က ထိုင်ဝမ်ကို ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုး လက်နက်ရောင်းချမှုအပေါ် တရုတ် ကန့်ကွက်

ထိုင်ဝမ်ရေလက်ကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် အမေရိကန်က ထိုင်ဝမ်သို့ ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုး လက်နက်ရောင်းချမှုကို တရုတ်က ကန့်ကွက်လိုက်သည်။

မကြာသေးမီက အတည်ပြုလိုက်သည့် ထိုင်ဝမ်သို့ အမေရိကန် ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ လက်နက်များ ရောင်းချမည့်အစီအစဉ်ကို ကန့်ကွက်လိုက်ပြီး လိုအပ်သော တန်ပြန် အရေးယူမှုများ ပြုလုပ်သွားမည်ဟု ဝါရှင်တန်အခြေစိုက် တရုတ်သံရုံးက Sputnik သတင်းဌာနသို့ ပြောကြားခဲ့သည်။

သင်္ဘောတိုက်ဖျက်ရေးနှင့် ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပါဝင်သော လက်နက်အစီအစဉ်နှင့်ပတ်သက်၍ မေးမြန်းရာတွင် “တရုတ်က ဒါကို ပြတ်ပြတ်သားသား ကန့်ကွက်ပါတယ်” ဟု တရုတ်သံရုံးပြောရေးဆိုခွင့်ရှိသူ လျှိုပန်ယွီက ပြောကြားခဲ့သည်။

"တရုတ်က အခြေအနေတိုးတက်မှုအတွက် တရားမျှတပြီး လိုအပ်သော တန်ပြန်အရေးယူမှုတွေကို ပြတ်ပြတ် သားသားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု လျှိုက ပြောကြားခဲ့သည်။

အမေရိကန်သည် ထိုင်ဝမ်ဒေသသို့ လက်နက်များရောင်းချခြင်းဖြင့် တရုတ်၏ အချုပ်အခြာအာဏာနှင့် လုံခြုံ ရေးအကျိုးစီးပွားကို အားနည်းစေကာ တရုတ်၏ပြည်တွင်းရေးတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်နေ သည် ဟု ပြောခွင့်ရပုဂ္ဂိုလ်က ထပ်မံပြောကြားခဲ့သည်။

Harpoon နှင့် Sidewinder ဒုံးကျည်များ အပါအဝင် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံဖိုးခန့်ကို ထိုင်ဝမ်သို့ ရောင်းချမည်ဖြစ်ကြောင်း အမေရိကန်က ကြေညာခဲ့သည်။

ကာကွယ်ရေး လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (DCSA) က ထိုင်ဝမ်သို့ စစ်လက်နက်ပစ္စည်းများ ရောင်းချမှုကို ဝါရှင်တန်က အတည်ပြုခဲ့ကြောင်း ဆက်တိုက်ဆိုသလို ထုတ်ပြန်ခဲ့သည့် ကြေညာချက်များတွင် အတည်ပြုခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်၏ ကာကွယ်ရေး စွမ်းရည်ကို ခေတ်မီစေရန်နှင့် အမေရိကန် လုံခြုံရေး အကျိုးစီးပွားကို ဆောင်ရွက်ပေးရန် ထိုင်ဝမ်သို့ Harpoon Block II ဒုံးပျံများနှင့် ဆက်စပ် ပစ္စည်းများကို အမေရိကန်ဒေါ်လာ ၃၅၅ သန်းခန့် ရောင်းချရန် အတည်ပြုခဲ့ကြောင်း DSCA မှ ပြောကြားခဲ့သည်။

ထောက်လှမ်းရေးရေဒါအစီအစဉ် ပံ့ပိုးမှုနှင့် စက်ပစ္စည်းများအတွက် အမေရိကန်ဒေါ်လာ ၆၆၅ ဒသမ ၄ သန်း ရောင်းချနိုင်ရေးကိုလည်း အတည်ပြုခဲ့ကြောင်း DCSA မှ ထပ်လောင်းပြောကြားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly