လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို တိုးတက်အောင် အမေရိကန်နှင့် အိန္ဒိယတို့ ပူးပေါင်း  လုပ်ဆောင်သွားမည်ဟု အိမ်ဖြူတော်ထုတ်ပြန်

လွတ်လပ်ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို တိုးတက်အောင် အမေရိကန်နှင့် အိန္ဒိယတို့ ပူးပေါင်း  လုပ်ဆောင်သွားမည်ဟု အိမ်ဖြူတော်ထုတ်ပြန်

အမေရိကန်သည် လွတ်လပ်၍ ပွင့်လင်းသော အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ရန် အိန္ဒိယနှင့် လက်တွဲ သွားမည် ဖြစ်သလို ပြည်သူများအတွက် အခွင့်အလမ်း၊ လုံခြုံရေး၊ လွတ်လပ်မှုနှင့် ဂုဏ်သိက္ခာတို့ကို ပေးအပ်ရန် အတူတကွ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပြီး  နှစ်နိုင်ငံမှ ပြည်သူအချင်းချင်းသည် ချိတ်ဆက်မှု တိုးပွားလာသည်မှာ အထင်အရှားဖြစ်သည်။

အိန္ဒိယနှင့်အမေရိကန်တို့သည် ကာကွယ်ရေး၊ ကာကွယ်ဆေး၊ ရာသီဥတုနှင့်နည်းပညာအပါအဝင် အရေးပါသော နယ်ပယ်အများအပြားတွင် မိတ်ဖက်များဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ကာရင်ဂျင်းပီရာက ပြောသည်။
 
၂၀၄၇ ခုနှစ် သို့မဟုတ် နောင် ၂၅ နှစ်တွင် အိန္ဒိယာအား တိုးတက်ဖွံ့ဖြိုးသောနိုင်ငံဖြစ်လာစေရန်   အမေရိကန် အနေဖြင့် မည်သို့ကူညီနိုင်သနည်းဟူသော မေးခွန်းနှင့်စပ်လျဉ်း၍ ကာရင်ဂျင်းပီရာက နှစ်နိုင်ငံသည် ပြည်သူချင်း ဆက်ဆံရေး အစဉ်တိုးတက်လျက်ရှိကြောင်း စက်တင်ဘာ ၆ ရက်ကပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
 
တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်နှင့် အရှေ့တရုတ်ပင်လယ်နှစ်ခုစလုံးတွင် နယ်မြေအငြင်းပွားမှုများ အပြင်းအထန် ဖြစ်ပေါ်လျက်ရှိကာာ တောင်တရုတ်ပင်လယ်အားလုံးအပေါ် အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း အခိုင်အမာပြောဆိုထားသည်။
  
တရုတ်သည် ဒေသတွင်းရှိ ၎င်းထိန်းချုပ်ထားသော ကျွန်းများနှင့်သန္တာကျောက်တန်းအများအပြားပေါ်တွင် အဆောက်အအုံများတည်ဆောက်ကာ စစ်ပုံသွင်းထားသည်။ ထိုဒေသနှစ်ခုစလုံးသည် သတ္တု၊ ရေနံနှင့် အခြားသော သဘာဝအရင်းအမြစ်များ ပေါကြွယ်ဝပြီး ကမ္ဘာ့ကုန်သွယ်မှုအတွက် အရေးပါကြသည်။

အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျတို့သည် အင်ဒို-ပစိဖိတ်ဒေသတွင် တရုတ်နိုင်ငံ၏ ရန်လို သည့်အပြုအမူကို တန်ပြန်ရန် Quad ခေါ် လေးနိုင်ငံညွန့်ပေါင်းအဖွဲ့ထူထောင်ရေး ကာလရှည်ကြာ အဆိုပြုထား ချက်ကို ၂၀၁၇ ခုနှစ်တွင် ပြန်လည်အသက်သွင်းခဲ့သည်။

Quad အဖွဲ့သည် မဟာမိတ်မဟုတ်သော်လည်း ဘုံအကျိုးစီးပွားနှင့်တန်ဖိုးအားဖြင့် ဖြစ်လာသော နိုင်ငံများ အဖွဲ့အစည်းဖြစ်ပြီး မဟာဗျူဟာအရအရေးပါသော အင်ဒို-ပစိဖိတ်ဒေသတွင် စည်းမျဉ်းအခြေခံ အမိန့်ကို ခိုင်မာအားကောင်းစေမည်ဖြစ်ကြောင်း အမေရိကန်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required